၂ ဓမ္မရာဇဝင် 19:41 - Myanmar Common Language Zawgyi Version41 ထိုအခါဣသရေလအမျိုးသားအပေါင်းတို့ သည် မင်းကြီးထံလာ၍``အကျွန်ုပ်တို့၏ညီ အစ်ကိုများဖြစ်ကြသောယုဒပြည်သား တို့သည်အရှင်နှင့်တကွအရှင့်မိသားစု၊ အရှင့်လူတို့ကိုယော်ဒန်မြစ်တစ်ဘက်သို့ ပို့ဆောင်ခွင့်ရှိသည်ဟုအဘယ်ကြောင့်ထင် မှတ်ကြပါသနည်း'' ဟုလျှောက်ထားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်41 ထို့နောက် အစ္စရေးအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံသို့ လာပြီး ရှင်ဘုရင်အား “အကျွန်ုပ်တို့၏ညီအစ်ကို ယုဒအမျိုးသားတို့သည် အရှင့်ကို အဘယ်ကြောင့် ခိုးယူပြီး အရှင်မင်းကြီးမှစ၍ နန်းတွင်းသူနန်းတွင်းသားများနှင့်တကွ ဒါဝိဒ်မင်းကြီး၏လူအားလုံးကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ ကူးစေကြသနည်း”ဟု လျှောက်တင်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version41 တစ်ဖန် ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံတော်သို့လာ၍၊ ကျွန်တော်တို့ ညီအစ်ကိုဖြစ်သော ယုဒအမျိုးသားတို့သည် ကိုယ်တော်ကိုခိုးယူ၍ ကိုယ်တော်နှင့်တကွ နန်းတော်သား ကိုယ်တော်၏ လူအပေါင်းတို့ကို အဘယ်ကြောင့်ယော်ဒန်မြစ်တစ်ဖက်သို့ ပို့ရကြမည်နည်းဟု လျှောက်ကြသော်၊ အခန်းကိုကြည့်ပါ။ |
ဧဖရိမ်အမျိုးသားတို့သည်စစ်တိုက်ရန်ပြင် ဆင်ကြ၏။ သူတို့သည်ယော်ဒန်မြစ်ကိုဖြတ် ကျော်ကာဇာဖုန်မြို့သို့ချီသွားပြီးလျှင် ယေဖသအား``သင်တို့သည်ငါတို့ကိုမခေါ် ဘဲအဘယ်ကြောင့်အမ္မုန်အမျိုးသားတို့အား ချီတက်တိုက်ခိုက်ခဲ့ပါသနည်း။ သင်ရှိရာ သင်၏အိမ်ကိုငါတို့မီးရှို့ဖျက်ဆီးပစ်မည်'' ဟုပြော၏။