၂ ဓမ္မရာဇဝင် 19:14 - Myanmar Common Language Zawgyi Version14 ဒါဝိဒ်၏စကားကြောင့်ယုဒပြည်သူပြည် သားအပေါင်းတို့၏စိတ်ကိုညွှတ်စေသဖြင့် သူတို့က``မင်းကြီးနှင့်မှူးမတ်အပေါင်းတို့ ပြန်ကြွတော်မူပါ'' ဟုလျှောက်စေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်14 ဤသို့ ရှင်ဘုရင်သည် ယုဒအမျိုးသားအပေါင်းတို့၏စိတ်နှလုံးကို တစ်ပေါင်းတစ်စည်းတည်း သိမ်းသွင်းနိုင်ခဲ့သဖြင့် သူတို့ကလည်း ရှင်ဘုရင်ထံ “အရှင်မင်းကြီးနှင့်တကွ မင်းမှုထမ်းအပေါင်းတို့ ပြန်လာကြပါ”ဟု လျှောက်တင်စေကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version14 ထိုသို့ယုဒအမျိုးသား အပေါင်းတို့ကို တညီတညွတ်တည်း နှလုံးညွတ်စေတော်မူသဖြင့်၊ သူတို့က ကိုယ်တော်ကျွန်အပေါင်းတို့နှင့်တကွ ကိုယ်တော်တိုင်ပြန်လာတော်မူပါဟု ရှင်ဘုရင်အား လျှောက်စေကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ရှောလုနှင့်သူ၏သား မြေးများထံမှနိုင်ငံတော်ကိုရုပ်သိမ်း၍ ဒါဝိဒ်အားနိုင်ငံတစ်စွန်းမှတစ်စွန်းတိုင်အောင် ဣသရေလပြည်နှင့်ယုဒပြည်တို့၏ဘုရင် အဖြစ်ခန့်ထားတော်မူမည်ဟုကတိပြုတော် မူခဲ့၏။ ယခုငါသည်ထိုကတိတော်အကောင် အထည်ပေါ်စေရန်မဆောင်ရွက်ပါမူ ဘုရားသခင်သည်ငါ့အားအပြစ်ဒဏ်ခတ်တော်မူ ပါစေသော'' ဟုဆို၏။-
မြောက်ဘက်ရှိဒန်မြို့မှတောင်ဘက်ရှိဗေရ ရှေဗမြို့တိုင်အောင် အရပ်ရပ်မှလည်းကောင်း၊ အရှေ့ဘက်ရှိဂိလဒ်ပြည်မှလည်းကောင်း ဣသရေလအမျိုးသားအပေါင်းတို့သည် စစ်တိုက်ရန်ဖိတ်ခေါ်ချက်အရ တစ်စုတစ်ရုံး တည်းမိဇပါမြို့တွင်ထာဝရဘုရား၏ ရှေ့တော်၌လာရောက်စုဝေးကြလေသည်။-