၂ ဓမ္မရာဇဝင် 18:22 - Myanmar Common Language Zawgyi Version22 အဟိမတ်က``အကျွန်ုပ်အားလည်းထိုသတင်း ကိုယူဆောင်သွားခွင့်ပြုပါ။ ဘေးတွေ့မည် ဖြစ်သော်လည်းအကျွန်ုပ်အမှုမထားပါ'' ဟုထပ်မံ၍တောင်းပန်၏။ ယွာဘက``ငါ့သား၊ သင်သည်အဘယ်ကြောင့် ဤအမှုကိုပြုလိုပါသနည်း။ ယင်းသို့ပြု သည့်အတွက်ဆုလာဘ်ရရှိလိမ့်မည်မဟုတ်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်22 ဇာဒုတ်၏သား အဟိမတ်က ထပ်၍ယွာဘအား “မည်သို့ပင်ဖြစ်စေ၊ ယခု ထိုကုရှိအမျိုးသားနောက်သို့ အကျွန်ုပ် ပြေးလိုက်ပါရစေ”ဟု ဆိုလျှင် ယွာဘက သူ့အား “ငါ့သား၊ အဘယ်ကြောင့် သင်ပြေးလိုက်လိုသနည်း။ ဤသတင်းသည် ဆုရရှိစေမည့်သတင်းမဟုတ်”ဟု သူ့အား ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version22 တစ်ဖန် ဇာဒုတ်သားအဟိမတ်က၊ သို့သော်လည်း ကျွန်တော်သည် ကုရှိနောက်မှာ ပြေးပါရစေဟု အခွင့်တောင်းပြန်လျှင်၊ ယွာဘက ငါ့သား၊ ဝမ်းမြောက်စရာ သတင်းမဟုတ်သည်ဖြစ်၍ အဘယ်ကြောင့် ပြေးသွားချင်သနည်းဟု ဆိုသော်လည်း၊ အခန်းကိုကြည့်ပါ။ |
မင်းကြီးက``အဘယ်ကြောင့်နည်း။ အဘယ်အလို ဆန္ဒမပြည့်ဝ၍သင့်ပြည်သို့ပြန်လိုပါသနည်း'' ဟုမေးတော်မူ၏။ ဟာဒဒ်က``ယင်းသို့မဟုတ်ပါ။ သို့ရာတွင်ပြန် ခွင့်ပေးတော်မူပါ'' ဟုလျှောက်ထားပြီးလျှင် မိမိ၏ပြည်သို့ပြန်သွားလေ၏။ ဟာဒဒ်သည်ဧဒုံပြည်တွင်မင်းပြုလျက် ဣသ ရေလလူမျိုးကိုရွံရှာ၍ရန်မူလေသည်။