Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 18:20 - Myanmar Common Language Zawgyi Version

20 ယွာ​ဘ​က``ယ​နေ့​သင်​သည်​အ​ဘယ်​သ​တင်း ကောင်း​ကို​မျှ​ယူ​ဆောင်​၍​မ​သွား​ရ။ အ​ခြား တစ်​နေ့​နေ့​၌​သွား​ခွင့်​ပြု​မည်။ ဘု​ရင်​၏​သား တော်​သေ​ဆုံး​ပြီ​ဖြစ်​၍​ယ​နေ့​သင်​သွား​၍ မ​ဖြစ်'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 ယွာဘ​က သူ့​အား “​ယနေ့ သင်​သွား​၍​သတင်း​မ​လျှောက်တင်​ရ​။ နောက်တစ်နေ့​မှ လျှောက်တင်​ရ​မည်​။ ဤ​နေ့​သည် ရှင်ဘုရင့်​သား​တော် သေဆုံး​သော​နေ့ ဖြစ်​သောကြောင့် သင်​သွား​၍​သတင်း​မ​လျှောက်တင်​ရ​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

20 ယွာ​ဘ​က၊ ယ​နေ့​သင်​သည် သ​တင်း​မ​ကြား မ​လျှောက်​ရ။ အ​ခြား​သော​နေ့၌​ကြား​လျှောက်​ရ​မည်။ ရှင်​ဘု​ရင်၏​သား​တော်​သေ​သော​ကြောင့် ယ​နေ့​သင်​သည် သ​တင်း​မ​ကြား​မ​လျှောက်​ရ​ဟု ဆို​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 18:20
8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဇာ​ဒုတ်​၏​သား​အ​ဟိ​မတ်​သည်​ယွာ​ဘ အား``ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​အား​ရန်​သူ များ​လက်​မှ​ကယ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သ​တင်း ကောင်း​ကို​မင်း​ကြီး​ထံ​သွား​ရောက်​ကြား​လျှောက် ပါ​ရ​စေ'' ဟု​တောင်း​ပန်​၏။


ထို​နောက်​ယွာ​ဘ​သည်​မိ​မိ​၏​ကျွန်​ကု​ရှိ အ​မျိုး​သား​အား``သင်​တွေ့​မြင်​ရ​သည့်​အ​မှု ကို​မင်း​ကြီး​ထံ​သွား​၍​သံ​တော်​ဦး​တင် လော့'' ဟု​ဆို​သ​ဖြင့်​သူ​သည်​ယွာ​ဘ​အား ဦး​ညွှတ်​ပြီး​လျှင်​ပြေး​၍​သွား​လေ​သည်။


ကင်း​စောင့်​က``ပ​ထ​မ​လူ​ပြေး​ပုံ​မှာ​အ​ဟိ မတ်​ပြေး​ပုံ​နှင့်​တူ​ပါ​သည်'' ဟု​လျှောက်​လျှင်၊ မင်း​ကြီး​က``သူ​သည်​လူ​ကောင်း​ဖြစ်​၍ သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


မင်း​ကြီး​က``လူ​ငယ်​အ​ဗ​ရှ​လုံ​ဘေး​ကင်း ပါ​၏​လော'' ဟု​မေး​လျှင်၊ အ​ဟိ​မတ်​က``အ​ရှင်၊ အ​ကျွန်ုပ်​အား​အ​ရှင် ၏​တပ်​မှူး​စေ​လွှတ်​စဉ်​အ​ခါ​က​ရုန်း​ရင်း​ဆန် ခတ်​ဖြစ်​၍​နေ​သ​ဖြင့် အ​ကျွန်ုပ်​သည်​အ​ဘယ် သို့​မျှ​မ​လျှောက်​ထား​တတ်​ပါ'' ဟု​ပြန်​လည် ဖြေ​ကြား​၏။


မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​နည်း​ကြေ​ကွဲ​လျက် မြို့​တံ​ခါး​အ​မိုး​ထက်​၌​ရှိ​သော​အ​ခန်း​သို့ တက်​သွား​၍​ငို​ကြွေး​တော်​မူ​၏။ ယင်း​သို့ တက်​သွား​စဉ်``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား၊ သင့်​ကိုယ်​စား​ငါ​သေ ချင်​ပါ​ဘိ။ ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား'' ဟု ငို​ကြွေး​မြည်​တမ်း​လေ​၏။


``ငါ့​မျက်​နှာ​ကို​ထောက်​၍​သူ​ငယ်​အ​ဗ ရှ​လုံ​အား​ဘေး​အန္တ​ရာယ်​မ​ပြု​ကြ​ပါ နှင့်'' ဟု​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အိတ္တဲ​တို့​အား မှာ​ကြား​တော်​မူ​လိုက်​၏။ ဤ​သို့​တပ်​မှူး ကြီး​တို့​အား​မှာ​ကြား​သည်​ကို​တပ်​သား အ​ပေါင်း​တို့​ကြား​ကြ​၏။


ဒါ​ဝိဒ်​မင်း​သည်​အ​ဗ​ရှ​လုံ​အ​တွက်​ငို​ကြွေး မြည်​တမ်း​လျက်​နေ​ကြောင်း ယွာ​ဘ​ထံ​သို့ သ​တင်း​ရောက်​ရှိ​လာ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ