၂ ဓမ္မရာဇဝင် 11:17 - Myanmar Common Language Zawgyi Version17 ရန်သူတပ်သားတို့သည်မြို့ထဲမှထွက်လာ ပြီးနောက် ယွာဘ၏တပ်သားများနှင့်တိုက် ခိုက်ကြရာ ဒါဝိဒ်၏တပ်မှူးအချို့ကျဆုံး သွားကြလေသည်။ ယင်းသို့ကျဆုံးသူတို့ အထဲတွင်ဥရိယလည်းပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်17 မြို့ထဲမှစစ်သည်တို့ ထွက်လာပြီး ယွာဘနှင့် တိုက်ခိုက်သောအခါ ဒါဝိဒ်မင်းကြီး၏စစ်မှုထမ်းထဲမှ စစ်သည်အချို့ ကျဆုံးကြ၏။ ဟိတ္တိလူမျိုး ဥရိယလည်း ကျဆုံးလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version17 မြို့သားတို့သည်ထွက်၍ ယွာဘနှင့်စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ကျွန်အချို့တို့သည် သေကြ၏။ ဟိတ္တိလူဥရိယသည်လည်း သေ၏။ အခန်းကိုကြည့်ပါ။ |
ဂိဒေါင်၏သားအဘိမလက်သည်အဘယ်သို့ သေရသည်ကိုသင်တို့မမှတ်မိကြသလော။ သေဗက်မြို့တွင်အမျိုးသမီးတစ်ယောက်သည် မြို့ရိုးပေါ်မှကျိတ်ဆုံကျောက်ကိုပစ်ချလိုက် သဖြင့်သူသေခဲ့ရ၏။ သို့ဖြစ်၍သင်တို့သည် အဘယ်ကြောင့်မြို့ရိုးအနီးသို့ချဉ်းကပ်ကြ သနည်း' ဟုမေးတော်မူလိမ့်မည်။ ထိုသို့မင်း ကြီးမေးခဲ့သော်`အရှင့်တပ်မှူးဥရိယသည် လည်းကျဆုံးသွားပါ၏' ဟုပြန်လည်လျှောက် ထားလော့'' ဟုမှာကြားလိုက်လေသည်။-