၂ ဓမ္မရာဇဝင် 10:2 - Myanmar Common Language Zawgyi Version2 ဒါဝိဒ်က``သူ၏ဖခင်နာဟတ်သည် ငါ့အား ကျေးဇူးသစ္စာစောင့်ခဲ့သည့်နည်းတူ ငါသည် လည်းဟာနုန်အားကျေးဇူးသစ္စာစောင့်ရပေ မည်'' ဟုမိန့်တော်မူပြီးလျှင်ဟာနုန်ထံသို့ နှစ်သိမ့်စကားပြောကြားရန်စေတမန်များ ကိုလွှတ်လိုက်၏။ သို့ရာတွင်ထိုသူတို့ ရောက်ရှိကြသောအခါ၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 ဒါဝိဒ်မင်းကြီးကလည်း “ဟာနုန်၏ခမည်းတော် နာဟတ်မင်းကြီးသည် ငါ့အား မေတ္တာပြခဲ့ဖူးသည့်နည်းတူ ငါသည်လည်း ယခု နာဟတ်သားဟာနုန်အား မေတ္တာကရုဏာပြရမည်”ဟု မိန့်ဆိုလျက် ဒါဝိဒ်မင်းကြီးသည် ဟာနုန်၏ခမည်းတော်အနိစ္စရောက်သည်ကို အကြောင်းပြု၍ သူ့ကိုနှစ်သိမ့်ပေးရန် မိမိအမှုထမ်းတို့ကို စေလွှတ်လိုက်၏။ ဒါဝိဒ်မင်းကြီး၏အစေအပါးတို့သည် အမ္မုန်အမျိုးသားတို့၏ပြည်သို့ရောက်သောအခါ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2 ဒါဝိဒ်ကလည်း၊ ဟာနုန်အဘနာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှာ ကျွန်တို့ကိုစေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် အမ္မုန်ပြည်သို့ရောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
နောက်တစ်လခန့်ကြာသောအခါ အမ္မုန်ဘုရင် နာဟတ်သည်စစ်သည်အလုံးအရင်းနှင့်ဂိလဒ် ပြည်ယာဗက်မြို့သို့ချီတက်လာ၏။ သူတို့သည် မြို့ကိုဝိုင်းရံထားသဖြင့် ယာဗက်မြို့သားတို့ ကနာဟတ်အား``အကျွန်ုပ်တို့နှင့်မဟာမိတ် စာချုပ်ချုပ်ဆိုပါက အကျွန်ုပ်တို့သည်အရှင် ၏သစ္စာတော်ကိုခံယူပါမည်'' ဟုလျှောက် ထားကြ၏။