Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 9:19 - Myanmar Common Language Zawgyi Version

19 မင်း​ကြီး​သည်​အ​ခြား​စေ​တ​မန်​တစ်​ယောက် ကို​လွှတ်​ပြန်​၏။ သူ​သည်​လည်း​ရှေး​နည်း​တူ ယေ​ဟု​အား​မေး​၏။ ယေ​ဟု​က``ဤ​ကိစ္စ​သည် သင်​နှင့်​မ​သက်​ဆိုင်။ ငါ့​နောက်​မှ​လိုက်​လော့'' ဟု​ဆို​ပြန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 ထိုအခါ ရှင်ဘုရင်​သည် နောက်ထပ်​မြင်းစီးသူရဲ​တစ်​ဦး​ကို​စေလွှတ်​၍ သူ​တို့​ထံ​ရောက်​သောအခါ “​ရှင်ဘုရင်​က ‘​ငြိမ်းချမ်း​ပါ​၏​လော​’​ဟူ၍ မေး​တော်မူ​ပါ​သည်​”​ဟု​ဆို​လျှင် ယေဟု​က​လည်း “​ငြိမ်းချမ်း​ခြင်း​သည် သင်​နှင့်​မည်သို့​ဆိုင်​သနည်း​။ ငါ့​နောက်​သို့ လိုက်​ခဲ့​လော့​”​ဟု ပြန်ပြော​ပြန်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 ရှင်​ဘု​ရင်​သည် အ​ခြား​သော မြင်း​စီး​သူ​ရဲ​တစ်​ယောက်​ကို စေ​လွှတ်​ပြန်၍၊ သူ​သည် ရောက်​သော​အ​ခါ၊ ငြိမ်​သက်​ခြင်း​ရှိ​သ​လော​ဟု ရှင်​ဘု​ရင်​မေး​တော်​မူ​ကြောင်း​ကို ပြော​ဆို​သော်၊ ယေ​ဟု​က၊ သင်​သည် ငြိမ်​သက်​ခြင်း​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ့​နောက်​သို့​လှည့်၍ လိုက်​လော့​ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 9:19
5 ပူးပေါင်းရင်းမြစ်များ  

ယေ​ဟု​သည်​မိ​မိ​၏​အ​ဖော်​တပ်​မှူး​များ​ထံ သို့​ပြန်​လာ​သော​အ​ခါ ထို​သူ​တို့​က``အ​စ​စ အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​၏​လော။ ထို​သူ​ရူး သည်​အ​ဘယ်​ကိစ္စ​နှင့်​သင့်​ထံ​သို့​လာ​ပါ သ​နည်း'' ဟု​မေး​ကြ​၏။ ယေ​ဟု​က``သူ​၏​ကိစ္စ​ကို​သင်​တို့​သိ​ပါ​၏'' ဟု ဖြေ​၏။


ယေ​ဇ​ရေ​လ​မြို့​မျှော်​စင်​ပေါ်​တွင်​တာ​ဝန်​ကျ သော​ကင်း​စောင့်​သည် ယေ​ဟု​နှင့်​သူ​၏​လူ​စု တို့​ချဉ်း​ကပ်​လာ​နေ​သည်​ကို​မြင်​လျှင်``မြင်း စီး​သူ​လူ​အ​ချို့​လာ​နေ​သည်​ကို​မြင်​ပါ​သည်'' ဟု​ဟစ်​အော်​၏။ ယော​ရံ​က``ထို​သူ​တို့​သည်​မိတ်​ဆွေ​များ​သို့ မ​ဟုတ်​ရန်​သူ​များ​ဖြစ်​သည်​ကို သိ​ရှိ​နိုင်​ရန် မြင်း​စီး​သူ​ရဲ​တစ်​ယောက်​ကို​စေ​လွှတ်​စုံ​စမ်း လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။


မင်းကြီး​၏​စေ​တ​မန်​သည်​ယေ​ဟု​ထံ​ရောက် ၍``အ​ရှင်​သည်​မိတ်​ဆွေ​အ​နေ​ဖြင့်​လာ​ပါ သ​လော​ဟု​မင်း​ကြီး​က​စုံ​စမ်း​ခိုင်း​ပါ သည်'' ဟု​မေး​၏။ ယေဟု​က``ဤ​ကိစ္စ​သည်​သင်​နှင့်​မသက်​ဆိုင်။ ငါ့ နောက်​မှ​လိုက်​လော့'' ဟု​ဆို​၏။ ထို​စေ​တ​မန်​သည်​ယေ​ဟု​ထံ​သို့​ရောက်​ရှိ​သွား သော်​လည်း ပြန်​မ​လာ​ဘဲ​နေ​သည်​ကို​မျှော်​စင် ပေါ်​ရှိ​ကင်း​စောင့်​က​အ​စီ​ရင်​ခံ​သော​အ​ခါ၊-


ထို​စေ​တ​မန်​သည်​ယေ​ဟု​တို့​လူ​စု​ထံ​သို့ ရောက်​ရှိ​သွား​သော်​လည်း ပြန်​မ​လာ​ဘဲ​နေ သည်​ကို​ကင်း​စောင့်​သည်​နောက်​တစ်​ကြိမ်​အ​စီ ရင်​ခံ​ပြန်​၏။ ထို​နောက်​သူ​သည်​ဆက်​လက်​၍``ထို လူ​စု​၏​ခေါင်း​ဆောင်​သည် မိ​မိ​စစ်​ရ​ထား​ကို ယေ​ဟု​မောင်း​နှင်​သ​ကဲ့​သို့​ပင် သူ​ရူး​သ​ဖွယ် အ​ပြင်း​မောင်း​နှင်​လာ​ပါ​သည်'' ဟု​လျှောက် ထား​၏။


``သူ​ယုတ်​မာ​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ရ ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ