Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 8:29 - Myanmar Common Language Zawgyi Version

29 အ​နာ​ကို​ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့​သို့​ပြန် လေ​၏။ အာ​ခ​ဇိ​သည်​လည်း​သူ့​ကို​ကြည့်​ရှု​ရန် ထို​မြို့​သို့​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

29 ထိုသို့ ယောရံ​မင်းကြီး​သည် ရာမ​မြို့​တွင် ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​နှင့်​တိုက်ခိုက်​ရာ​မှ ဆီးရီးယား​လူမျိုး​တို့​လက်ချက်​ဖြင့်​ရသွား​သော​ဒဏ်ရာ​ကို ကုသ​ရန်​အတွက် ယေဇရေလ​မြို့​သို့ ပြန်သွား​၏​။ ယဟောရံ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာခဇိ​မင်းကြီး​သည်​လည်း အာဟပ်​မင်းကြီး​၏​သား​တော်​ယောရံ​မင်းကြီး​ဒဏ်ရာ​ရ​သည်​ကို​ကြည့်ရှု​ရန် ယေဇရေလ​မြို့​သို့ လိုက်သွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

29 ထို​သို့ ရာ​မုတ်​မြို့၌ ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​ကို​တိုက်၍၊ ရှု​ရိ​လူ​ထိ​ခိုက်​သော​အ​နာ​ပျောက်​စေ​ခြင်း​ငှာ၊ ယော​ရံ​မင်း​ကြီး​သည် ယေ​ဇ​ရေ​လ​မြို့​သို့ ပြန်​သွား၍ နာ​လျက်​နေ​စဉ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင်​ယ​ဟော​ရံ​သား​အာ​ခ​ဇိ​သည်​လည်း၊ အာ​ဟပ်​သား​ယော​ရံ​ကို ကြည့်​ရှု​ခြင်း​ငှာ ထို​မြို့​သို့ ဆင်း​သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 8:29
8 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ရှ​ရိ​တပ်​သား​တစ်​ယောက်​သည်​မြား တစ်​စင်း​ကို အ​မှတ်​မ​ထင်​ပစ်​လွှတ်​လိုက်​ရာ​အာ​ဟပ် ၏​သံ​ချပ်​အင်္ကျီ​အ​ဆက်​ကြား​ကို​ထိ​မှန်​သွား​လေ သည်။ မင်း​ကြီး​က``ငါ့​ကို​မြား​ထိ​ပြီ၊ တိုက်​ပွဲ​မှ မောင်း​ထွက်​သွား​လော့'' ဟု​ရ​ထား​မှူး​အား​အ​မိန့် ပေး​တော်​မူ​၏။


သူ​သည်​ကွယ်​လွန်​သူ​အာ​ခ​ဇိ​၏​ဆွေ​မျိုး အ​ချို့​နှင့်​တွေ့​၍ သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သူ​များ​ပေ​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က``အာ​ခ​ဇိ​၏​ဆွေ​တော်​မျိုး​တော် များ​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​ယေ​ဇ ဗေ​လ​မိ​ဖု​ရား​၏​သား​တော်​သ​မီး​တော်​များ နှင့် အ​ခြား​မင်း​ဆွေ​မင်း​မျိုး​တို့​အား​ဂါ​ရ​ဝ ပြု​ရန် ယေ​ဇ​ရေ​လ​မြို့​သို့​သွား​ကြ​ပါ​မည်'' ဟု​ဖြေ​ကြား​ကြ​၏။-


ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ​နှင့်​ရှု​ရိ​ဘု​ရင် ဟာ​ဇေ​လ​တို့​စစ်​ဖြစ်​ကြ​သော​အ​ခါ အာ​ခ​ဇိ က​ယော​ရံ​၏​ဘက်​မှ​ဝင်​၍​တိုက်​ခိုက်​လေ​သည်။ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​တွင် တိုက်​ပွဲ​ဖြစ်​ပွား​ရာ ယော​ရံ​သည်​ဒဏ်​ရာ​များ​ရ​ရှိ​သ​ဖြင့်၊-


ဤ​အ​တော​အ​တွင်း​၌​ပ​ရော​ဖက်​ဧ​လိ​ရှဲ သည် လူ​ငယ်​ပ​ရော​ဖက်​တစ်​ပါး​ကို​ခေါ်​၍``သင် သည်​ရာ​မုတ်​မြို့​သို့​သွား​ရန်​အ​သင့်​ပြင်​လော့။ ဤ​သံ​လွင်​ဆီ​ဘူး​ကို​လည်း​ယူ​သွား​လော့။ ထို မြို့​သို့​ရောက်​သော​အ​ခါ၊-


ထို​နောက်​ယေ​ဟု​သည်​ယော​ရံ​မင်း​အား​လုပ် ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ ထို​အ​ခါ မင်း​ကြီး​သည် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​နှင့်​ရာ မုတ်​မြို့​တွင်​တိုက်​ပွဲ​ဖြစ်​ရာ​မှ ရ​ရှိ​ခဲ့​သည့် ဒဏ်​ရာ​များ​ကို​ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့ သို့​သွား​နှင့်​ပြီ။ သို့​ဖြစ်​၍​ယေ​ဟု​က​မိ​မိ ၏​အ​ဖော်​တပ်​မှူး​တို့​အား``သင်​တို့​သည်​ငါ ၏​ဘက်​တော်​သား​များ​ဖြစ်​ပါ​လျှင် ယေ​ဇ ရေ​လ​မြို့​သား​တို့​အား​ကြို​တင်​သ​တိ​ပေး ရန်​မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရာ​မုတ်​မြို့ မှ​မ​ထွက်​ပါ​စေ​နှင့်'' ဟု​ဆို​၏။-


ထို​နယ်​မြေ​တွင်​ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု လုတ်​မြို့၊ ရှု​နင်​မြို့၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ