၎ ဓမ္မရာဇဝင် 20:19 - Myanmar Common Language Zawgyi Version19 ဟေဇကိမင်းသည်မိမိ၏လက်ထက်၌ ငြိမ်း ချမ်းသာယာမှုနှင့်ဘေးမဲ့လုံခြုံမှုရှိလိမ့် မည်ဟု အနက်အဋ္ဌိပ္ပါယ်ကောက်ယူကာ``ငါ့အား ဆင့်ဆိုသည့်ထာဝရဘုရားထံမှဗျာဒိတ် တော်သည်ကောင်းပေ၏'' ဟုဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်19 ဟေဇကိမင်းကြီးက “အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်းချမ်းလုံခြုံမည်ဆိုလျှင် ရပါပြီ”ဟုတွေး၍ ဟေရှာယအား “သင်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော်သည် ကောင်းပါ၏”ဟု မိန့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version19 ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရဘုရား၏နှုတ်ကပတ်တော် ကောင်းပါ၏ဟူ၍လည်းကောင်း၊ အကယ်၍ ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်းရှိလျှင် ကောင်းပါသည် မဟုတ်လောဟူ၍လည်းကောင်း၊ ဟေရှာယအား ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။