Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 2:11 - Myanmar Common Language Zawgyi Version

11 သူ​တို့​သည်​စ​ကား​ပြော​လျက်​ဆက်​လက်​လျှောက် သွား​ကြ​စဉ် ရုတ်​တ​ရက်​သူ​တို့​နှစ်​ယောက်​၏​စပ် ကြား​၌ မီး​မြင်း​များ​က​လျက်​မီး​လျှံ​ထ​နေ သော​ရ​ထား​တစ်​စီး​ပေါ်​လာ​ပြီး​လျှင် ဧ​လိ​ယ အား​လေ​ပွေ​ဖြင့်​ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ သွား​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ထိုသို့ စကားပြော​လျက်​သွား​နေ​ကြ​စဉ်တွင်ပင် မီး​မြင်း​နှင့်​က​သော​မီးရထား​တစ်စီး ရုတ်ချည်း​ပေါ်လာ​ပြီး သူ​တို့​နှစ်​ဦး​ကို​ခွဲပစ်​ကာ ဧလိယ​သည် လေပွေ​ဖြင့် ကောင်းကင်​သို့ ပါသွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 ထို​သို့ နှုတ်​ဆက်​လျက်​သွား​ကြ​စဉ်​တွင်၊ မီး​ရ​ထား​နှင့် မီး​မြင်း​တို့​သည် ပေါ်​လာ၍ ထို​သူ​နှစ်​ယောက်​တို့​ကို ခွဲ​ခွာ​သ​ဖြင့်၊ ဧ​လိ​ယ​သည် လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ တက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 2:11
13 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​သူ​၏​ဘ​ဝ​တစ်​လျှောက်​လုံး​တွင် ထာ​ဝ​ရ ဘု​ရား​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​၍ သက်​ရှင်​နေ​ထိုင် ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​သိမ်း​ယူ တော်​မူ​သ​ဖြင့်​ကွယ် ပျောက်​သွား​လေ​၏။


ဧ​လိ​ယ​အား​လေ​ပွေ​ဖြင့် ကောင်း​ကင်​ဘုံ​သို့ ထာ​ဝ​ရ​ဘု​ရား​ဆောင်​ယူ​တော်​မူ​ရန်​အ​ချိန် ကျ​ရောက်​လာ​၏။ ဧ​လိ​ယ​နှင့်​ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​မှ​ထွက်​ခွာ​လာ​ကြ​ရာ၊-


ထို​နောက်​သူ​သည်``အို ထာ​ဝရ​ဘု​ရား၊ ဤ​သူ​၏ မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ'' ဟု​ဆု​တောင်း​သည် အ​တိုင်း​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့် သူ​သည်​ဧ​လိ​ရှဲ​၏​ပတ် လည်​တောင်​ကုန်း​ပေါ်​၌ မီး​မြင်း​များ​နှင့်​မီး စစ်​ရ​ထား​များ​ပြည့်​နှက်​လျက်​နေ​သည်​ကို မြင်​လေ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​အင်​အား​ကြီး​မား​သည့် စစ်​ရ​ထား​ထောင်​ပေါင်း​များ​စွာ​နှင့် သိ​နာ​တောင်​မှ​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ရပ်​သို့ ကြွ​လာ​တော်​မူ​၏။


အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏အမျက်ဒေါသကိုလှုံ့ဆော်သည်မှာ မြစ်ချောင်းများပေလော။ ကိုယ်တော်ရှင်အား ပြင်းစွာဒေါသထွက်စေသော အရာမှာ ပင်လယ်ပေလော။ ကိုယ်တော်ရှင်သည် တိမ်လွှာများကိုစီးတော်မူပါ၏။ ကိုယ်​တော်၏လူတို့ထံသို့ အောင်မြင်ခြင်းကို ဆောင်ယူခဲ့သောအခါ မိုးသက်မုန်တိုင်းတိမ်လွှာသည် ကိုယ်တော်၏စစ်မြင်းရထားဖြစ်ပါ၏


သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သူ​ယောရှု၊ နား​ထောင်​လော့။ ယော​ရှု​၏​အ​ပေါင်း​အ​ဖော် ယဇ်​ပု​ရော​ဟိတ်​တို့၊ သာ​ယာ​သော​အ​နာ​ဂတ် ၏​နိ​မိတ်​လက္ခ​ဏာ​ကို​ဆောင်​သူ​တို့၊ နား​ထောင် ကြ​လော့။ ငါ​သည်``အ​ညွှန့်​အ​တက်'' ဟု​နာ​မည် တွင်​သော​မိ​မိ​၏​အ​စေ​ခံ​ကို​ပေါ်​ထွန်း​စေ မည်။-


ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။-


ထို​သို့​ဖြစ်​ပါ​မူ၊ ကောင်း​ကင်​တ​မန်​များ​မှာ အ​ဘယ်​သို့​သော​သူ​များ​နည်း။ သူ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည့်​သူ​တို့​အား​ကူ​ညီ မ​စ​ရန် ဘု​ရား​သခင်​စေ​လွှတ်​တော်​မူ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ပေ​သည်။


ထို​နောက်​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည်``ဤ​အ​ရပ် သို့​တက်​ခဲ့​လော့'' ဟု​ကောင်း​ကင်​မှ​မိ​မိ​တို့ အား​ကျယ်​စွာ​ပြော​သော​အ​သံ​ကို​ကြား​ကြ ရ​၏။ သူ​တို့​သည်​ရန်​သူ​များ​စောင့်​ကြည့်​နေ စဉ် မိုး​တိမ်​တိုက်​ကို​စီး​၍​ကောင်း​ကင်​သို့​တက် သွား​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ