Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 17:26 - Myanmar Common Language Zawgyi Version

26 ရှ​မာ​ရိ​ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ကြ​သည့် လူ​တို့​သည် ထို​ပြည်​စောင့်​နတ်​ဘု​ရား​၏​တ​ရား ကို​မ​သိ​နား​မ​လည်​ကြ​သ​ဖြင့် ထို​ဘု​ရား သည်​ခြင်္သေ့​များ​ကို​စေ​လွှတ်​၍ သူ​တို့​အား ကိုက်​သတ်​စေ​ကြောင်း​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​ကြား​သိ​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

26 ထို​သူ​တို့​က “​အရှင်မင်းကြီး ခေါ်ထုတ်​လာ​ပြီး ရှမာရိ​မြို့​တွင် နေထိုင်​စေ​သော​လူ​တို့​သည် ထို​ပြည်စောင့်​ဘုရား​ဓလေ့ထုံးတမ်း​ကို မ​သိ​ကြ​ပါ​။ ထို့ကြောင့် ထို​ပြည်စောင့်​ဘုရား​သည် သူ​တို့​ထံ ခြင်္သေ့​ကို​စေလွှတ်​ပြီး သူ​တို့​ကို​ကိုက်သတ်​စေ​ပါ​ပြီ​”​ဟူသော​သတင်း​ကို အဆီးရီးယား​ဘုရင်​အား ကြားလျှောက်​ကြ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

26 ထို​ကြောင့် အ​ချို့​တို့​က၊ ကိုယ်​တော်​ပြောင်း​စေ၍၊ ရှ​မာ​ရိ​မြို့​ရွာ​တို့၌ ထား​တော်​မူ​သော လူ​အ​မျိုး​မျိုး​တို့​သည် ထို​ပြည်​စောင့်​ဘု​ရား၏ တ​ရား​ကို နား​မ​လည်​သော​ကြောင့်၊ ထို​ဘု​ရား​သည် ခြင်္သေ့​တို့​ကို​စေ​လွှတ်၍ နေ​ရာ​ကျ​သော​သူ​တို့​ကို သတ်​ပါ​သည်​ဟု အာ​ရှု​ရိ​ရှင်​ဘု​ရင်​အား လျှောက်​ကြ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 17:26
5 ပူးပေါင်းရင်းမြစ်များ  

ယင်း​သို့​နေ​ထိုင်​စဉ်​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ကို​မ​ကိုး​ကွယ်​ကြ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် ခြင်္သေ့​များ​ကို​စေ​လွှတ်​၍​လူ​အ​ချို့​ကို​ကိုက် သတ်​စေ​တော်​မူ​၏။-


မင်း​ကြီး​က``ထို​ပြည်​မှ​ငါ​တို့​ဖမ်း​ဆီး​ခဲ့ သော​သုံ့​ပန်း​များ​အ​နက် ယဇ်​ပု​ရော​ဟိတ် တစ်​ပါး​ကို​ပြန်​၍​စေ​လွှတ်​လော့။ လူ​တို့​အား ထို​ပြည်​စောင့်​ဘု​ရား​၏​တ​ရား​ကို​သွန်​သင် ပေး​နိုင်​ရန်​သူ့​အား ထို​ပြည်​သို့​ပြန်​လည် သွား​ရောက်​နေ​ထိုင်​စေ​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။-


ရှ​မာ​ရိ​ဘု​ရား​ရုပ်​တု​များ​ကို​တိုင်​တည်​ကာ ကျိန်​ဆို​လေ့​ရှိ​သူ​များ`ဒန်​ဘု​ရား' ကို​သော် လည်း​ကောင်း `ဗေ​ရ​ရှေ​ဘ​မြို့​လမ်း​ရှိ​ဘု​ရား' ကို လည်း​ကောင်း၊ ထို​ဘု​ရား​တို့​အ​သက်​ရှင်​တော် မူ​သည့်​အ​တိုင်း​ဟု​တိုင်​တည်​ကာ ကျိန်​ဆို တတ်​သူ​အ​ပေါင်း​တို့​သည်​ပြန်​မ​ထ​နိုင် အောင်​ပင်​ပြို​လဲ​တော့​မည်'' ဟု​မိန့်​တော် မူ​၏။


ရှ​မွေ​လ​သည်​မင်း​ကျင့်​တ​ရား​များ​နှင့် ဘု​ရင့် ရ​ပိုင်​ခွင့်​များ​ကို လူ​တို့​အား​ရှင်း​လင်း​ဖော် ပြ​၏။ ထို​နောက်​ထို​အ​ရာ​များ​ကို​စာ​အုပ် တွင်​ရေး​မှတ်​ကာ သန့်​ရှင်း​ရာ​ဌာ​န​တွင်​သိမ်း ဆည်း​ထား​၏။ ထို​နောက်​သူ​သည်​လူ​တို့​အား မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့​ပြန်​စေ​၏။-


သို့​ဖြစ်​၍​သူ​တို့​ပြော​သော​စ​ကား​ကို​နား ထောင်​လော့။ သို့​သော်​ဘု​ရင်​အုပ်​စိုး​သော​အ​ခါ ဘု​ရင်​တို့​၏​ကျင့်​ထုံး​ကျင့်​နည်း​တို့​ကို​ပြော ပြ​၍​ကြပ်​တည်း​စွာ​သ​တိ​ပေး​လော့'' ဟု မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ