Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 16:5 - Myanmar Common Language Zawgyi Version

5 ရှု​ရိ​ဘု​ရင်​ရေ​ဇိန်​နှင့်​ဣသ​ရေ​လ​ဘု​ရင်​ပေ​ကာ တို့​သည် စစ်​ချီ​၍​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ ထား​ကြ​သော်​လည်း အာ​ခတ်​မင်း​ကို​မ​နှိမ်​နင်း နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​နှင့် ရေမလိ​၏​သား အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​တို့​သည် ဂျေရုဆလင်​မြို့​သို့​စစ်ချီလာ​၍ အာခတ်​မင်းကြီး​ကို ဝိုင်းရံ​ထား​သော်လည်း သူ့​ကို မ​အောင်​နိုင်​ခဲ့​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​ရေ​ဇိန်​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရေ​မ​လိ​သား​ပေ​ကာ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ၍ အာ​ခတ်​မင်း​ကို ဝိုင်း​ထား​သော်​လည်း မ​နိုင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 16:5
10 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​၏​သား​ကို​မူ​ကား​ဣ​သ​ရေ​လ​တစ် နွယ်​ကို​ငါ​ပေး​မည်။ ဤ​သို့​ပေး​ရ​ခြင်း​အ​ကြောင်း မှာ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ်​ဖြင့် ငါ​ရွေး​ချယ်​ထား​သည့်​မြို့​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​၌ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏ သား​မြေး​များ​အ​ဆက်​မ​ပြတ်​နန်း​စံ​လျက် ရှိ​နေ​စေ​ရန်​ဖြစ်​၏။-


သို့​ရာ​တွင်​သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ဒါ​ဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍​အ​ဘိ​ယ​မ​ရှိ သည့်​နောက်​၌ ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​စိုး​ရန်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​စောင့်​ထိန်း ရန်​သား​တော်​တစ်​ပါး​ကို​ပေး​တော်​မူ​၏။-


ရှု​ရိ​ဘု​ရင်​ရေ​ဇိန်​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ပေ​ကာ တို့​အား ယု​ဒ​ပြည်​ကို​တိုက်​ခိုက်​ကြ​ရန် ထာ​ဝရ ဘု​ရား​စေ​လွှတ်​တော်​မူ​သည်​မှာ​ယော​သံ​၏ လက်​ထက်​၌​ဖြစ်​၏။-


ယ​ခု​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင် သင့် အား​နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ လိမ့်​မည်။ အ​မျိုး​သ​မီး​ပျို​တစ်​ယောက်​သည် ကိုယ်​ဝန်​ဆောင်​၍​သား​ယောကျာ်း​ကို​ဖွား​မြင် လိမ့်​မည်။ သူ​သည်​ထို​သား​ကို`ဧ​မာ​နွေ​လ' ဟု​နာ​မည်​ပေး​လိမ့်​မည်။-


ကိုယ်​တော်​က``ဤ​လူ​စု​သည်​ဆိတ်​ငြိမ်​စွာ စီး​ဆင်း​လျက်​နေ​သော ရှိ​လောင်​ချောင်း​ရေ ကို​ပစ်​ပယ်​ကာ​ရေ​ဇိန်​မင်း​နှင့်​ပေ​ကာ​မင်း တို့​၏​ရှေ့​တွင်​တုန်​လှုပ်​လျက်​နေ​သ​ဖြင့်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ