၎ ဓမ္မရာဇဝင် 16:14 - Myanmar Common Language Zawgyi Version14 ထာဝရဘုရားအားဆက်ကပ်ထားသည့်ကြေး ဝါပလ္လင်မှာ ယဇ်ပလ္လင်သစ်နှင့်ဗိမာန်တော်စပ်ကြား တွင်တည်ရှိနေသောကြောင့် အာခတ်သည်ထို ပလ္လင်ကိုယဇ်ပလ္လင်သစ်၏မြောက်ဘက်သို့ပြောင်း ရွှေ့လိုက်ပြီးလျှင်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်14 ရှင်ဘုရင်သည် အိမ်တော်အရှေ့ရှိ ထိုယဇ်ပလ္လင်နှင့် ထာဝရဘုရား၏အိမ်တော်ကြားတွင်ရှိသော ထာဝရဘုရားရှေ့တော်မှကြေးနီယဇ်ပလ္လင်ကို ယူဆောင်သွားပြီး ထိုယဇ်ပလ္လင်၏မြောက်ဘက်တွင် ထားလိုက်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version14 ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်ကို ဗိမာန်တော်ရှေ့၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော်စပ်ကြားအရပ်မှရွှေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။ အခန်းကိုကြည့်ပါ။ |
ဥရိယအား``ငါ၏ယဇ်ပလ္လင်ကြီးကိုနံနက်ချိန် မီးရှို့ရာယဇ်နှင့် ညနေချိန်ဘောဇဉ်ပူဇော်သကာ များအတွက်လည်းကောင်း၊ ဘုရင်နှင့်ပြည်သူတို့ ၏မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သကာများ၊ ပြည်သူတို့၏စပျစ်ရည်ပူဇော်သကာများ အတွက်လည်းကောင်းအသုံးပြုလော့။ ထိုယဇ် ပလ္လင်ပေါ်တွင်ယဇ်ကောင်ရှိသမျှတို့၏သွေး ကိုသွန်းလောင်းလော့။ ကြေးဝါပလ္လင်မှာငါ အတိတ်နိမိတ်ဖတ်ခြင်းကိုမေးလျှောက်ရာ ဖြစ်ရမည်'' ဟုအမိန့်ပေးသည့်အတိုင်း၊-
ရှင်ဘုရင်များသည်မိမိတို့၏တံခါးတိုင် များနှင့်တံခါးအောက်ခံဘောင်များကိုငါ ၏ဗိမာန်တော်တံခါးတိုင်များ၊ တံခါး အောက်ခံဘောင်များနှင့်ကပ်လျက်ပြုလုပ် ထားကြ၏။ ဤနည်းအားဖြင့်ငါနှင့်သူ တို့၏ကြားတွင်နံရံသာခြား၍နေ၏။ သူတို့သည်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမှုအပေါင်းကိုပြုကျင့်ကာငါ၏ သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ရှုတ်ချကြ၏။ သို့ဖြစ်၍ငါသည်အမျက် ထွက်၍သူတို့အားဖျက်ဆီးတော်မူ၏။-