Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 12:18 - Myanmar Common Language Zawgyi Version

18 ယု​ဒ​ဘု​ရင်​ယော​ရှ​သည်​မိ​မိ​၏​အ​လျင် အုပ်​စိုး​ခဲ့​ကြ​သော​ယော​ရှ​ဖတ်​မင်း၊ ယ​ဟော​ရံ မင်း​နှင့်​အာ​ခ​ဇိ​မင်း​တို့​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​လှူ​ဒါန်း​ခဲ့​သည့်​ပူ​ဇော်​သ​ကာ​များ​နှင့် မိ​မိ​ကိုယ်​တိုင်​ပေး​လှူ​ထား​သည့်​ပူ​ဇော်​သကာ များ​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​နှင့်​နန်း​တော် ဘဏ္ဍာ​တိုက်​များ​တွင်​ရှိ​သ​မျှ​သော​ရွှေ​ကို​လည်း ကောင်း​ယူ​၍ လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဟာ​ဇေ​လ မင်း​ထံ​ပေး​ပို့​လိုက်​၏။ ထို​အ​ခါ​ဟာ​ဇေ​လ သည်​မိ​မိ​၏​တပ်​မ​တော်​ကို ယေ​ရု​ရှ​လင်​မြို့ မှ​ရုပ်​သိမ်း​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ထိုအခါ ယုဒ​ဘုရင်​ယဟောရှ​မင်းကြီး​သည် ဘိုးဘေး​များ​ဖြစ်​သော ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၊ ယဟောရံ​မင်းကြီး​၊ အာခဇိ​မင်းကြီး​တို့ ဆက်ကပ်​ခဲ့​သော​သန့်ရှင်း​သော​အလှူ​များ​နှင့် သူ​ကိုယ်တိုင်​လှူ​ထား​သော​သန့်ရှင်း​သော​အလှူပစ္စည်း​များ​အားလုံး​၊ ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​တို့​တွင်​ရှိ​သော ရွှေ​အားလုံး​ကို ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​ထံ ပို့လိုက်​၏​။ ထိုအခါ ဟာဇေလ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​မှ ပြန်လည်​ဆုတ်ခွာ​သွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

18 ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သည် ဘိုး​တော်​ဘေး​တော်​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်၊ ယ​ဟော​ရံ၊ အာ​ခ​ဇိ​လှူ​သ​မျှ​သော တန်​ဆာ​နှင့် ကိုယ်​တိုင်​သန့်​ရှင်း​စေ​သ​မျှ​သော တန်​ဆာ​များ၊ ဗိ​မာန်​တော်​ဘ​ဏ္ဍာ၊ နန်း​တော်​ဘ​ဏ္ဍာ​တွင် တွေ့​သ​မျှ​သော​ရွှေ​ကို​ယူ၍ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​ထံ​သို့ ပေး​လိုက်​သော​ကြောင့်၊ ဟာ​ဇေ​လ​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ထား၍ သွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 12:18
11 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​ပြု​လုပ်​ခဲ့​သည့်​ရွှေ​ဒိုင်း​လွှား​များ အ​ပါ​အ​ဝင် ဗိ​မာန်​တော်​နှင့်​နန်း​တော်​မှ​ဘဏ္ဍာ တော်​ရှိ​သ​မျှ​တို့​ကို​သိမ်း​ယူ​သွား​လေ သည်။-


ထို့​ကြောင့်​အာ​သ​မင်း​သည်​ဗိ​မာန်​တော်​နှင့်​နန်း တော်​တွင်​ကျန်​ရှိ​နေ​သေး​သော ရွှေ၊ ငွေ​ရှိ​သ​မျှ​ကို မှူး​မတ်​အ​ချို့​တို့​လက်​ဖြင့်​ဒ​မာ​သက်​မြို့​ရှိ ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့​ယူ​ဆောင်​သွား​စေ တော်​မူ​၏။ ဗင်္ဟာ​ဒဒ်​ကား​ရေ​ဇုန်​၏​မြေး၊ တာ​ဗ​ရိ မုန်​၏​သား​ဖြစ်​သ​တည်း။-


ယော​ရှ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။


ယော​ရှ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်​ပြီး လျှင် ဗိ​မာန်​တော်​အ​တွင်း​၌​ယဇ်​ပူ​ဇော်​မှု​နှင့် ပတ်​သက်​၍​ရ​ရှိ​သည့်​ငွေ​များ၊ ယဇ်​ကောင် များ​အ​တွက်​ပေး​ချေ​ငွေ​များ​နှင့် စေ​တ​နာ အ​လျောက်​ပေး​လှူ​ငွေ​များ​ကို​စု​ဆောင်း ထား​ရန်​အ​မိန့်​ပေး​၏။-


သူ​သည်​မိ​မိ​တွေ့​ရှိ​သ​မျှ​သော​ရွှေ၊ ငွေ၊ ဗိ​မာန် တော်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​နှင့်​ဘဏ္ဍာ​တော် တိုက်​တွင် ရှိ​သ​မျှ​ကို​ယူ​၍​ရှ​မာ​ရိ​မြို့​သို့ သယ်​ဆောင်​သွား​တော်​မူ​၏။ ယ​ဟော​ရှ​မင်း သည်​ဓား​စာ​ခံ​များ​ကို​လည်း ဖမ်း​ဆီး​ခေါ် ဆောင်​ခဲ့​လေ​သည်။


အာ​ခတ်​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ တိုက်​ထဲ​မှ​ရွှေ၊ ငွေ​တို့​ကို​ယူ​၍​ဧ​က​ရာဇ် မင်း​အား​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဆက်​သ လေ​သည်။-


ဟာ​ဇေ​လ​က``အ​ရှင်၊ အ​ဘယ်​ကြောင့်​ငို​ပါ သ​နည်း'' ဟု​မေး​၏။ ဧ​လိ​ရှဲ​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သင်​ပြု​မည့်​ကြမ်း​ကြုတ်​ဆိုး​ယုတ်​သည့်​အ​မှု တို့​ကို ငါ​သိ​မြင်​သော​ကြောင့်​ဖြစ်​၏။ သင်​သည် သူ​တို့​၏​ရဲ​တိုက်​များ​ကို​မီး​ရှို့​ကာ အ​ဖိုး​တန် လူ​ငယ်​လူ​ရွယ်​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။ က​လေး​သူ​ငယ်​တို့​ကို​ဆောင့်​၍​သတ်​ပြီး​လျှင် ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​တို့​၏​ဝမ်း​ကို ခွဲ​လိမ့်​မည်'' ဟု​ဆို​၏။


ထို​ကြောင့်​အာ​သ​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော် ဘဏ္ဍာ​တိုက်​များ​မှ​ရွှေ၊ ငွေ၊ ရှိ​သ​မျှ​ကို​ယူ​၍ ဒ​မာ​သက်​မြို့​ရှိ​ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့ ပို့​၍၊-


သို့​ရာ​တွင်​ယော​ယ​ဒ​ကွယ်​လွန်​ပြီး​သည်​နောက် ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ယော​ရှ မင်း​အား​မိ​မိ​တို့​၏​စ​ကား​ကို​နား​ထောင်​ရန် သွေး​ဆောင်​ကြ​၏။-


သင်​တို့​သည်​ငါ​၏​ရွှေ​ငွေ​ဥစ္စာ​ဘဏ္ဍာ​များ​ကို မိ​မိ​တို့​၏​ဘုံ​ဗိ​မာန်​များ​သို့​ယူ​ဆောင် သွား​ခဲ့​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ