Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 12:12 - Myanmar Common Language Zawgyi Version

12 ပန်း​ရံ​သ​မား​နှင့်​ကျောက်​ဆစ်​သ​မား​တို့​၏ လုပ်​ခ​များ​အ​တွက်​လည်း​ကောင်း၊ မွမ်း​မံ​ပြင် ဆင်​ရာ​တွင်​လို​အပ်​သော​သစ်​သား၊ ကျောက် ဝယ်​ယူ​ရန်​နှင့်​အ​ခြား​လို​အပ်​သည့်​စ​ရိတ် များ​အ​တွက်​လည်း​ကောင်း​အ​သုံး​ပြု​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ပန်းရန်သမား​များ​၊ ကျောက်ဆစ်သမား​များ​ကို ပေး​၏​။ ထာဝရဘုရား​၏​အိမ်​တော်​အပျက်အစီး​များ​ကို ပြုပြင်​ရာ​၌​လိုအပ်​သော ဆစ်ပြီးသားကျောက်​များ​၊ သစ်သား​များ​ကို ထို​ငွေ​ဖြင့် ဝယ်ယူ​၏​။ အိမ်​တော်​ပြုပြင်​ရာ​တွင် အခြား​ကုန်ကျစရိတ်​အားလုံး​အတွက် အသုံးပြု​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 ပန်း​ရန်​သ​မား၊ ကျောက်​ဆစ်​သ​မား​တို့​အ​တွက် ဗိ​မာန်​တော်​ပြို​ပျက်​ရာ​ကို ပြု​ပြင်​စ​ရာ​ကျောက်​နှင့် သစ်​သား​ကို​ဝယ်၍ ကုန်​သ​မျှ​သော​အ​တွက် ပေး​ဝေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 12:12
7 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည်​ကျောက်​ဆစ်​ရန်​လူ​ရှစ်​သောင်း ကို​လည်း​ကောင်း၊ ကျောက်​သယ်​မည့်​သူ​လူ​ခု​နစ် သောင်း​နှင့်​အ​တူ​တောင်​ပေါ်​ဒေ​သ​သို့​စေ လွှတ်​တော်​မူ​၏။-


သူ​တို့​သည်​အ​လေး​ချိန်​အ​တိ​အ​ကျ​ကို မှတ်​သား​ထား​ပြီး​လျှင် ငွေ​ကို​ဗိ​မာန်​တော် ပြင်​ဆင်​မှု​လုပ်​ငန်း​ကြီး​ကြပ်​သူ​တို့​၏​လက် သို့​ပေး​အပ်​ကြ​၏။ ကြီး​ကြပ်​သူ​တို့​သည် ထို​ငွေ​ကို​လက်​သ​မား၊-


ပြည်​သူ​တို့​သည်​ပန်း​ရန်​များ​နှင့်​လက်​သ​မား များ​ကို​ပေး​ချေ​ရန်​ငွေ​ပေး​လှူ​ကြ​၏။ ပေ​ရ​သိ ဘု​ရင်​ကု​ရု​မင်း​ခွင့်​ပြု​ချက်​အ​ရ​လေ​ဗ​နုန် တော​မှ သစ်​က​တိုး​များ​ကို ယုပ္ပေ​ဆိပ်​အ​ရောက် စုံ​မျော​စေ​ခြင်း​ငှာ တု​ရု​နှင့်​ဇိ​ဒုန်​မြို့​သား များ​ထံ​သို့​အ​စား​အ​စာ၊ စ​ပျစ်​ရည်​နှင့် သံ​လွင်​ဆီ​တို့​ကို​ပေး​ပို့​ကြ​၏။-


``အ​ကျွန်ုပ်​တို့​သည်​ယု​ဒ​ပြည်​သို့​သွား​ရောက် ကြ​ရာ ကြီး​မြတ်​သော​ဘု​ရား​သ​ခင်​၏​ဗိ​မာန် တော်​ကို ကျောက်​တုံး​ကြီး​များ​ဖြင့်​တည်​ဆောက် ၍ ကျောက်​နံ​ရံ​များ​ပေါ်​တွင်​သစ်​သား​ယက်​မ များ​ကပ်​လျက်​လုပ်​ဆောင်​နေ​ကြ​သည်​ကို​တွေ့ မြင်​ရ​ကြောင်း အ​ရှင်​မင်း​ကြီး​အား​လျှောက် ထား​အ​စီ​ရင်​ခံ​အပ်​ပါ​သည်။ တည်​ဆောက် မှု​ကို​လုံ့​လ​ဖြင့်​လုပ်​ဆောင်​ကြ​သော​ကြောင့် တိုး​တက်​အောင်​မြင်​လျက်​ရှိ​ပါ​သည်။


တ​ပည့်​တော်​အ​ချို့​တို့​က ဗိ​မာန်​တော်​သည်​လှ​ပ သော​ကျောက်​တုံး​များ၊ ပူ​ဇော်​ဆက်​ကပ်​ထား​သည့် ဝတ္ထု​ပစ္စည်း​များ​ဖြင့်​အ​လွန်​တင့်​တယ်​လျက်​ရှိ ကြောင်း​ပြော​ဆို​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ