၎ ဓမ္မရာဇဝင် 11:4 - Myanmar Common Language Zawgyi Version4 သို့ရာတွင်သတ္တမမြောက်သောနှစ်သို့ရောက် သောအခါ ယဇ်ပုရောဟိတ်ယောယဒသည် ဘုရင်မ၏ကိုယ်ရံတော်တပ်မှူးများနှင့် နန်းတော်အစောင့်တပ်မှူးများကိုဗိမာန် တော်သို့ခေါ်ပြီးလျှင် မိမိ၏အကြံအစည် အတိုင်းလိုက်နာကြရန်သစ္စာဆိုစေ၏။ ထို နောက်သူသည်ထိုသူတို့အား အာမဇိ မင်း၏သားတော်ယောရှကိုပြပြီးလျှင်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 ခုနစ်နှစ်မြောက်တွင် ယောယဒသည် ကိုယ်ရံတော်တပ်နှင့် အစောင့်တပ်တို့၏ရာတပ်မှူးများကို လူလွှတ်ခေါ်၍ သူတို့သည် ထာဝရဘုရား၏အိမ်တော်သို့ ရောက်လာလျှင် ထာဝရဘုရား၏အိမ်တော်တွင်ပင် သူတို့နှင့် ကတိသစ္စာပြု၍ ကျိန်ဆိုစေပြီးမှ ဘုရင့်သားတော်ကို ထုတ်ပြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version4 ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် စေလွှတ်၍၊ လူတစ်ရာအုပ်၊ တပ်မှူး၊ တပ်သားတို့ကို ခေါ်လေ၏။ ဗိမာန်တော်ထဲသို့ သွင်း၍ ပဋိညာဉ်ဖွဲ့ခြင်း၊ ဗိမာန်တော်၌ သစ္စာတိုက်ခြင်းကိုပြုပြီးမှ၊ ရှင်ဘုရင်၏သားတော်ကို ပြလေ၏။ အခန်းကိုကြည့်ပါ။ |
မင်းကြီးသည်အရှင့်အားကမ္ဘာပေါ်ရှိနိုင်ငံတကာ တွင်ရှာဖွေစေကြောင်းကို အသက်ရှင်တော်မူသော ထာဝရဘုရားတည်းဟူသောအရှင်၏ဘုရားသခင်ကိုတိုင်တည်၍အကျွန်ုပ်ကျိန်ဆိုပါ၏။ ဤ မည်သောနိုင်ငံတွင်ဧလိယမရှိပါဟုဆိုသော မင်းအား မင်းကြီးကအကယ်ပင်ရှာ၍မတွေ့ ကြောင်းကိုသစ္စာဆိုစေပါ၏။-
ခေါင်းဆောင်များက``အကျွန်ုပ်တို့သည်အရှင် ပြောဆိုသည့်အတိုင်းပြုပါမည်။ ထိုသူတို့ ၏ဥစ္စာပစ္စည်းများကိုပြန်လည်ပေးအပ်ကြ ပါမည်။ အကြွေးများကိုလည်းတောင်းခံမှု ပြုကြတော့မည်မဟုတ်ပါ'' ဟုပြန်ပြော ကြ၏။ ငါသည်ယဇ်ပုရောဟိတ်များကိုခေါ်ယူကာ သူတို့၏ရှေ့တွင်ခေါင်းဆောင်တို့အား မိမိတို့ ကတိအတိုင်းပြုလုပ်ကြရန်ကျိန်ဆိုစေ၏။-