Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 5:7 - Myanmar Common Language Zawgyi Version

7 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် လာ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ၌​ခေ​ရု​ဗိမ်​များ​၏​အ​ကြား​တွင်​ထား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 ယဇ်ပုရောဟိတ်​တို့​သည် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ပြီး အိမ်​တော်​အတွင်းခန်း အသန့်ရှင်းဆုံးဌာန​တော်​ရှိ ခေရုဗိမ်​တို့​၏​အတောင်​တော်​အောက်​တွင် နေရာချ​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို အိမ်​တော်​အ​တွင်း​သို့ သွင်း၍ အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တည်း​ဟူ​သော ဗျာ​ဒိတ်​ဌာ​န​တော်​ထဲ​မှာ၊ ခေ​ရု​ဗိမ်​အ​တောင်​တို့​အောက်၊ သူ့​နေ​ရာ၌ ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 5:7
13 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​ရော​ကိုယ်​ပါ ဆောင်​ရွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော်​ကို​စ​တင် တည်​ဆောက်​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​နှင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု ဆိုင်​ရာ​အ​မွန်​အ​မြတ်​ထား​သည့်​အ​ခြား ဝတ္ထု​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန် တော်​တွင်​ထား​ရှိ​နိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။


ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သြ​ဝါ​ဒ​ပေး ရ​သော၊ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​မင်း​ကြီး​က``ဒါ​ဝိဒ်​၏​သား တော်​ရှော​လ​မုန်​မင်း​တည်​ဆောက်​တော်​မူ​ခဲ့ သည့်​ဗိ​မာန်​တော်​တွင် ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ထား​ရှိ​ကြ​လော့။ သင်​တို့​သည်​ထို​သေတ္တာ တော်​ကို​တစ်​နေ​ရာ​မှ​တစ်​နေ​ရာ​သို့​ပြောင်း ရွှေ့​မှု​မ​ပြု​ကြ​တော့​ဘဲ သင်​တို့​ဘု​ရား​သခင် ထာ​ဝရ​ဘု​ရား​နှင့်​ကိုယ်​တော်​၏​လူ​မျိုး​တော် အ​တွက်​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​ကြ မည်။-


စီ​မံ​ချက်​အ​ရ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ရှေ့​တွင်​ထွန်း​ညှိ​ထား​ရန် ရွှေ​စင်​မီး​ခွက် များ​နှင့်​မီး​တင်​ခုံ​များ၊-


ခေါင်း​ဆောင်​အ​ပေါင်း​တို့​စု​ရုံး​မိ​ကြ​သော အ​ခါ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ပဋိညာဉ် သေတ္တာ​တော်​ကို​ချီ​ပင့်​၍-


ရှော​လ​မုန်​မင်း​နှင့်​ဣသ​ရေ​လ​ပြည်​သူ​အ​ပေါင်း တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​စု​ဝေး ၍​မ​ရေ​မ​တွက်​နိုင်​အောင်​များ​သော​သိုး​နွား တို့​ကို​ယဇ်​ပူ​ဇော်​ကြ​၏။-


ခေ​ရု​ဗိမ်​တို့​၏​အ​တောင်​များ​သည်​သေတ္တာ​တော် နှင့်​ထမ်း​ပိုး​များ​ကို​လွှမ်း​မိုး​ထား​လေ​သည်။-


ငါ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​ဆိုင်​ရာ ကျောက်​ပြား​များ​ပါ​ရှိ​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​လည်း​ဗိ​မာန်​တော်​တွင်​ထား​ရှိ​ပြီး လေ​ပြီ'' ဟု​ပြည်​သူ​တို့​အား​မိန့်​တော်​မူ​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ တန်​ခိုး​တော်​၏​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​အ​တူ​ဗိ​မာန်​တော်​သို့ ကြွ​လာ​တော်​မူ​၏။


ထို​သူ​သည်​ဤ​အ​ခန်း​ကို​တိုင်း​၍​ကြည့် ၏။ ယင်း​သည်​အ​လျား​အ​နံ​သုံး​ဆယ့်​လေး ပေ​စီ​ရှိ​၏။ ထို​နောက်​သူ​သည်​ငါ့​အား``ဤ အ​ခန်း​ကား​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ပင်​တည်း'' ဟု​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ