Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 3:7 - Myanmar Common Language Zawgyi Version

7 သူ​သည်​ဗိ​မာန်​တော်​နံ​ရံ​များ၊ ထုပ်​များ၊ အ​ဝင် လမ်း​နှင့်​တံ​ခါး​များ​ကို​မွမ်း​မံ​ရန်​အ​တွက်​ရွှေ ကို​အ​သုံး​ပြု​တော်​မူ​သည်။ နံ​ရံ​များ​အ​ပေါ် တွင်​လက်​မှု​ပ​ညာ​သည်​တို့​သည်​ခေ​ရု​ဗိမ် ရုပ်​များ​ကို​ထွင်း​ထား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 အိမ်​တော်​၏​မျက်နှာကြက်တန်း​များ​၊ တံခါးဘောင်​များ​၊ နံရံ​များ​နှင့် တံခါးရွက်​များ​ကို​လည်း ရွှေ​နှင့်​မွမ်းမံ​ထား​ပြီး နံရံ​များ​ပေါ်တွင် ခေရုဗိမ်​အရုပ်​များ​ကို ထွင်းထု​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 အိမ်​တော်၏​ထုပ်၊ လျောက်၊ တိုင်၊ ထ​ရံ၊ တံ​ခါး​ရွက်​တို့​ကို ရွှေ​နှင့်​မွမ်း​မံ၍ ထ​ရံ​ပေါ်​မှာ ခေ​ရု​ဗိမ်​အ​ရုပ်​များ​ကို ထု​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 3:7
6 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​ဗိ​မာန်​တော်​ကို​လှ​ပ​သော ကျောက်​မျက်​ရ​တ​နာ​များ​ဖြင့်​ချယ်​လှယ်​၍ ပါ​ရ​ဝိမ်​ပြည်​မှ​တင်​သွင်း​သော​ရွှေ​ဖြင့်​မွမ်း မံ​တော်​မူ​၏။-


``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ချည်​ချော၊ သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​တို့​နှင့်​ရက် သော​ကန့်​လန့်​ကာ​ဆယ်​ခု​ဖြင့်​ပြု​လုပ်​လော့။ ထို ကန့်​လန့်​ကာ​များ​တွင် ခေ​ရု​ဗိမ်​ရုပ်​များ​ပန်း ပေါက်​ဖော်​ထား​ရ​မည်။-


ဘောင်​ခွေ​များ​ကို​ရွှေ​ချ​ရ​မည်။ ကန့်​လန့်​ကျင်​များ ကို​လည်း​ရွှေ​ချ​ရ​မည်။ ကန့်​လန့်​ကျင်​များ​ကို လျှို​ရန်​ရွှေ​ကွင်း​များ​တပ်​ထား​ရ​မည်။-


အ​ခါ​တစ်​ပါး​က​ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​လှ​ပ​သော​ကျောက်​မျက်​ရ​တ​နာ​များ အ​တွက် ဝါ​ကြွား​ဂုဏ်​ယူ​ခဲ့​ကြ​သော်​လည်း ယင်း​တို့​ကို​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​ရုပ်​တု များ​ပြု​လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ထို​ရ​တ​နာ​များ​သည်​သူ​တို့​အ​တွက်​မ​သန့် ရှင်း​သော​အ​ရာ​များ​ဖြစ်​စေ​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ