Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 27:5 - Myanmar Common Language Zawgyi Version

5 အမ္မုန်​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက် ခိုက်​နှိမ်​နင်း​ပြီး​လျှင် အမ္မုန်​အ​မျိုး​သား​တို့ အား​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဖြင့်​တစ်​နှစ် လျှင်​ငွေ​ချိန်​လေး​တန်၊ ဂျုံ​ဆန်​တင်း​ငါး​သောင်း နှင့် မု​ယော​ဆန်​တင်း​ငါး​သောင်း​ကို​သုံး​နှစ် တိုင်​တိုင်​ပေး​ဆက်​စေ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 သူ​သည် အမ္မုန်​ဘုရင်​နှင့်​စစ်တိုက်​ရာ​တွင် အောင်​နိုင်​သောကြောင့် ထို​နှစ်​တွင် အမ္မုန်​အမျိုးသား​တို့​သည် သူ့​အား ငွေ​တာလန်​တစ်ရာ​၊ ဂျုံဆန်​ကောရ​တစ်သောင်း​၊ မုယောဆန်​ကောရ​တစ်သောင်း ဆက်ကြေး​ပေး​ရ​၏​။ ဒုတိယ​နှစ်​၊ တတိယ​နှစ်​တို့​တွင်​လည်း အမ္မုန်​အမျိုးသား​တို့​သည် သူ့​အား ထိုသို့​ပေး​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 အ​မ္မုန်​ရှင်​ဘု​ရင်​ကို​လည်း စစ်​တိုက်၍​နိုင်​သ​ဖြင့်၊ နိုင်​သော​နှစ်​တွင် အ​မ္မုန်​သား​တို့​သည် ငွေ​အ​ခွက်​တစ်​ထောင်၊ ဂျုံ​ကော​ရ​တစ်​သောင်း၊ မု​ယော​တစ်​သောင်း​ကို​ပေး​ရ​ကြ၏။ ဒု​တိ​ယ​နှစ်​နှင့် တ​တိ​ယ​နှစ်​တွင် ထို​အ​တူ ပေး​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 27:5
7 ပူးပေါင်းရင်းမြစ်များ  

ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​မော​ဘ ပြည်​နှင့်​အမ္မုန်​ပြည်​မှ​စစ်​တပ်​များ​သည် မိ​မိ တို့​၏​မ​ဟာ​မိတ်​မ​ဟု​နိမ် နှင့်​အ​တူ​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​လာ ကြ​၏။-


အမ္မုန်​အ​မျိုး​သား​တို့​သည်​သြ​ဇိ​အား​လက် ဆောင်​ပဏ္ဏာ​များ​ဆက်​သ​ရ​ကြ​၏။ သူ​သည် အ​လွန်​တန်​ခိုး​ကြီး​မား​လာ​သ​ဖြင့်​သူ​၏ ဂုဏ်​သ​တင်း​သည်​အီ​ဂျစ်​ပြည်​သို့​ပင်​ပျံ့​နှံ့ သွား​လေ​၏။


သူ​သည်​ယု​ဒ​တောင်​ရိုး​များ​ပေါ်​တွင်​မြို့ များ​ကို​တည်​၍ တောင်​ကုန်း​မြင့်​များ​တွင် ခံ​တပ်​များ​နှင့်​မျှော်​စင်​များ​ကို​တည် ဆောက်​ခဲ့​၏။


ယော​သံ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​၏​အ​မိန့်​တော်​ကို တစ်​သ​မတ်​တည်း လိုက်​နာ​သ​ဖြင့်​တန်​ခိုး​ကြီး​လာ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ