၂ ရာချုပ် 24:9 - Myanmar Common Language Zawgyi Version9 သူတို့သည်ယေရုရှလင်မြို့နှင့်ယုဒပြည် တစ်လျှောက်လုံးရှိလူအပေါင်းတို့အား တော ကန္တာရတွင်ဘုရားသခင်၏အစေခံမောရှေ ကောက်ခံခဲ့သည်အတိုင်း ထာဝရဘုရားထံ တော်သို့အလှူငွေများကိုယူဆောင်လာ ကြရန်ထုတ်ဆင့်ကြေညာလေသည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 တောကန္တာရတွင် ဘုရားသခင်၏အစေအပါးမောရှေက အစ္စရေးလူမျိုးတို့အား မိန့်မှာခဲ့သည့်အတိုင်း ယုဒပြည်သူဂျေရုဆလင်မြို့သားတို့သည် ထာဝရဘုရားအထံတော်သို့ အခွန်ငွေကိုယူဆောင်လာကြရန် ကြေညာလိုက်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 ဘုရားသခင်၏ကျွန်မောရှေသည် တောမှာ ဣသရေလအမျိုး၌ ငွေခွဲသည်အတိုင်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်ဟု ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌ ကြော်ငြာကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍သူသည်ထိုသူအပေါင်းတို့၏ ခေါင်းဆောင်ယောယဒကိုခေါ်ပြီးလျှင်``ထာ ဝရဘုရားကိန်းဝပ်တော်မူရာတဲတော် အတွက် ပြည်သူတို့ပေးဆောင်ရန်ထာဝရ ဘုရား၏အစေခံမောရှေပြဋ္ဌာန်းသည့် အလှူငွေကို လေဝိအနွယ်ဝင်တို့အား အဘယ်ကြောင့်ယုဒပြည်နှင့်ယေရုရှလင် မြို့မှမကောက်ခံစေပါသနည်း'' ဟုမေး တော်မူ၏။-
ပေရသိဘုရင်ကုရု နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ့အား အမိန့်တော်တစ်ရပ်ထုတ်ဆင့်စေတော်မူ၍သူ ၏အင်ပါယာနိုင်ငံတစ်ဝန်းလုံးတွင်ဖတ်ကြား ကြေညာစေတော်မူ၏။ ဤသို့ပြုတော်မူခြင်း မှာပရောဖက်ယေရမိအားဖြင့်ထာဝရ ဘုရားပေးတော်မူသောဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်လာစေရန်ပင်ဖြစ်သတည်း။