၂ ရာချုပ် 22:6 - Myanmar Common Language Zawgyi Version6 ကုသရန်ယေဇရေလမြို့သို့ပြန်လေ၏။ ထိုအခါအာခဇိသည်လည်းသူ့ကိုကြည့်ရှု ရန်ထိုမြို့သို့သွား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 ထိုသို့ ယောရံမင်းကြီးသည် ရာမမြို့တွင် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးနှင့်တိုက်ခိုက်ရာမှရသွားသောဒဏ်ရာကို ကုသရန်အတွက် ယေဇရေလမြို့သို့ပြန်သွား၏။ ယဟောရံမင်းကြီး၏သားတော် ယုဒဘုရင်အာဇရိမင်းကြီးသည်လည်း အာဟပ်မင်းကြီး၏သားတော်ယဟောရံမင်းကြီး ဒဏ်ရာရသည်ကိုကြည့်ရှုရန် ယေဇရေလမြို့သို့ လိုက်သွားလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 ထိုသို့ရာမုတ်မြို့၌ ရှုရိရှင်ဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှာ၊ ယောရံသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်းငှာ ထိုမြို့သို့ ဆင်းသွားလေ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားပြဋ္ဌာန်းတော်မူသည်နှင့်အညီ ယင်းသို့သွားရောက်ခြင်းအားဖြင့် အာခဇိ အသက်ဆုံးရှုံးရလေသည်။ အာခဇိသည် ထိုမြို့၌ယောရံနှင့်အတူရှိနေစဉ်အာဟပ် ၏မင်းရိုးပျက်သုဉ်းမှုအတွက်ဆောင်ရွက်ရန် ထာဝရဘုရားရွေးချယ်ထားသူ၊ နိမ်ရှိ၏ သားယေဟုနှင့်တွေ့ဆုံရလေသည်။-