၂ ရာချုပ် 22:1 - Myanmar Common Language Zawgyi Version
1 အာရပ်အမျိုးသားအချို့တို့သည်ဝင်ရောက် တိုက်ခိုက်ကာ ယဟောရံ၏သားတော်အငယ် ဆုံးအာခဇိမှတစ်ပါး အခြားသားတော် အပေါင်းကိုသတ်လိုက်ကြ၏။ သို့ဖြစ်၍ယေရု ရှလင်မြို့သားတို့သည်အာခဇိအားခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် စေကြ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
1 အာရပ်လူတို့နှင့်အတူ တပ်စခန်းသို့လိုက်လာသော ဓားပြအဖွဲ့သည် ယဟောရံမင်းကြီး၏သားတော်အကြီးအားလုံးကို သတ်ပစ်သောကြောင့် ဂျေရုဆလင်မြို့သားတို့သည် အငယ်ဆုံးသားတော်အာခဇိအား ခမည်းတော်၏အရိုက်အရာကိုဆက်ခံစေ၏။ ထို့ကြောင့် ယုဒဘုရင်ယဟောရံမင်းကြီး၏သားတော် အာခဇိ နန်းတက်လေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
1 အာရပ်လူတို့နှင့်လိုက်လာသော တပ်သားတို့သည် တပ်ထဲသို့ဝင်၍၊ ယုဒရှင်ဘုရင် ယဟောရံ၏ သားတော်အကြီးရှိသမျှတို့ကို သတ်သောကြောင့်၊ ယေရုရှလင်မြို့သားတို့သည် သားထွေးအာခဇိကို ခမည်းတော်အရာ၌ချီးမြှောက်၍၊
အခန်းကိုကြည့်ပါ။ ကော်ပီ