၂ ရာချုပ် 21:3 - Myanmar Common Language Zawgyi Version3 ခမည်းတော်သည်သူတို့အား ရွှေ၊ ငွေ၊ အမြောက် အများနှင့်အခြားအဖိုးတန်ပစ္စည်းဥစ္စာများ ကိုပေး၍ ယုဒပြည်ခံတပ်မြို့တစ်မြို့စီကို အုပ်ချုပ်ရန်တာဝန်ပေးတော်မူ၏။ သို့သော် ယဟောရံသည်အကြီးဆုံးသားတော် ဖြစ်သဖြင့် သူ့အားယောရှဖတ်ကမိမိ၏ အရိုက်အရာကိုဆက်ခံစေတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 သူတို့၏ခမည်းတော်သည် သူတို့အား ရွှေငွေများ၊ အဖိုးတန်အသုံးအဆောင်များ အများအပြားနှင့် ယုဒခံတပ်မြို့များကိုပါ ပေးထားပြီး သားတော်ယဟောရံကိုမူ သားဦးဖြစ်သောကြောင့် ထီးနန်းကို လွှဲအပ်ပေး၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 ခမည်းတော်သည် များစွာသော ရွှေငွေဥစ္စာ ရတနာနှင့်တကွ ယုဒပြည်၌ ခိုင်ခံ့သောမြို့တို့ကို သူတို့အားပေး၏။ နိုင်ငံကိုကား၊ သားဦးယဟောရံအား ပေး၏။ အခန်းကိုကြည့်ပါ။ |
ရောဗောင်သည်ပညာသတိရှိစွာမိမိ၏သား တော်များအားတာဝန်ဝတ္တရားများခွဲဝေသတ် မှတ်ပေးပြီးလျှင် ယုဒနှင့်ဗင်္ယာမိန်နယ်မြေတစ် လျှောက်ရှိခံတပ်မြို့များတွင်နေရာချထား တော်မူ၏။ မင်းကြီးသည်သူတို့အားရက်ရော စွာစားနပ်ရိက္ခာများထောက်ပံ့၍ကြင်ဖော် အမြောက်အမြားကိုလည်းရှာပေးတော် မူ၏။