၂ ရာချုပ် 18:2 - Myanmar Common Language Zawgyi Version2 နှစ်အနည်းငယ်ကြာသောအခါယောရှဖတ် သည် အာဟပ်ထံလည်ပတ်ရန်ရှမာရိမြို့သို့ ရောက်ရှိလာလေသည်။ အာဟပ်သည်ယောရှ ဖတ်နှင့်တကွသူနှင့်လိုက်ပါလာသူတို့ကို ဂုဏ်ပြုရန် သိုးနွားအမြောက်အမြားကိုသတ် ၍ဧည့်ခံပွဲကျင်းပတော်မူ၏။ သူသည်ယော ရှဖတ်အားမိမိနှင့်အတူဂိလဒ်ပြည်ရာ မုတ်မြို့ကိုတိုက်ခိုက်ရန်သွေးဆောင်လေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 သူသည် နှစ်အတော်ကြာမှ အာဟပ်မင်းကြီးရှိရာ ရှမာရိမြို့သို့သွားလျှင် အာဟပ်မင်းကြီးသည် သူနှင့်သူ့လူတို့အတွက် သိုးနွားအမြောက်အမြားကို သတ်၍ကျွေးမွေးပြီး ရာမုတ်ဂိလဒ်မြို့ကို တိုက်ခိုက်ရန် သွေးဆောင်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2 နောက်တစ်ဖန် ရှမာရိမြို့၊ အာဟပ်မင်းထံသို့ ကိုယ်တိုင်သွား၍၊ ဣသရေလရှင်ဘုရင် အာဟပ်သည် ယုဒရှင်ဘုရင် ယောရှဖတ်နှင့်၊ သူ၏လူတို့အဖို့ များစွာသောသိုးနွားတို့ကို စီရင်၍၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ လိုက်စေခြင်းငှာ၊ အခန်းကိုကြည့်ပါ။ |
သူက``အဆွေတော်သည်ရာမုတ်မြို့ကိုတိုက် ခိုက်ရန်ကျွန်ုပ်နှင့်အတူလိုက်မည်လော'' ဟု မေး၏။ ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိ ချိန်၌ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏တပ်မတော်သည်လည်းထိုနည်းတူ ပင်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည်သင်နှင့်အတူ လိုက်ပါမည်'' ဟုပြန်ပြောတော်မူ၏။-