၂ ရာချုပ် 15:4 - Myanmar Common Language Zawgyi Version4 သို့ရာတွင်ဒုက္ခရောက်သောအခါသူတို့သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ပြန်လာ၍ကိုယ် တော်ကိုရှာသောအခါတွေ့ရှိကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 သို့သော် သူတို့သည် ဆင်းရဲဒုက္ခရောက်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံပြန်လာပြီး ကိုယ်တော်ကို ရှာကြသောအခါ သူတို့ကို အတွေ့ခံတော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version4 ဘေးရောက်သဖြင့်၊ သူတို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ရှာကြသောအခါ အတွေ့ခံတော်မူ၏။ အခန်းကိုကြည့်ပါ။ |
အာဇရိသည်အာသမင်းထံသို့သွားပြီးလျှင်``အို အာသမင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ် ဝင်တို့၊ ငါ၏စကားကိုနားထောင်ကြလော့။ သင် တို့သည်ထာဝရဘုရား၏ဘက်၌ရှိနေသမျှ ကာလပတ်လုံး ကိုယ်တော်သည်သင်တို့နှင့်အတူ ရှိတော်မူမည်။ သင်တို့သည်ကိုယ်တော်အားရှာ ကြလျှင် ကိုယ်တော်သည်သင်တို့အားအတွေ့ ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်တို့သည် ကိုယ်တော်အားကျောခိုင်းကြပါကကိုယ် တော်သည်လည်းသင်တို့အားစွန့်ပယ်တော် မူလိမ့်မည်။-