၂ ရာချုပ် 10:6 - Myanmar Common Language Zawgyi Version6 ရောဗောင်မင်းသည်ခမည်းတော်ရှောလမုန်၏ အတိုင်ပင်ခံအသက်ကြီးသူအမတ်များ အား``ထိုသူတို့ကိုငါအဘယ်သို့ဖြေကြား ရပါမည်နည်း။ သင်တို့အဘယ်သို့အကြံ ပေးလိုကြပါသနည်း'' ဟုမေးတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 ထို့နောက် ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန်မင်းကြီးအသက်ရှင်စဉ်က ရှေ့တော်၌ခစားသူများဖြစ်သည့် သက်ကြီးဝါကြီးများအား “သင်တို့ မည်သို့အကြံပေးမည်နည်း။ ဤလူတို့အား မည်သို့ပြန်ပြောရမည်နည်း”ဟု တိုင်ပင်မေးမြန်းရာ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန်ပြောရမည်အကြောင်း၊ အဘယ်သို့ အကြံပေးကြမည်နည်းဟု မေးသော်၊ အခန်းကိုကြည့်ပါ။ |
သင်တို့သည်အမှားကြီးမှားလျက်နေကြ ကြောင်း ယခုသင်တို့အားငါသတိပေး၏။ သင်တို့သည်`အကျွန်ုပ်တို့အတွက်ဘုရားသခင်ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုပါ။ ကိုယ်တော်နှင့်မိန့်မှာတော်မူ သမျှကိုလည်းအကျွန်ုပ်တို့အားပြန်လည် ပြောကြားပါ။ အကျွန်ုပ်တို့သည်ကိုယ်တော် ရှင်မိန့်မှာတော်မူသည်အတိုင်းပြုပါမည်' ဟုဆို၍ငါ့အားသင်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့စေလွှတ်ခဲ့ ကြ၏။-