Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ တိမောသေ 5:2 - Myanmar Common Language Zawgyi Version

2 သင့်​ထက်​အ​သက်​ကြီး​သော​အ​မျိုး​သ​မီး​တို့ အား​သင်​၏​မိ​ခင်​ကဲ့​သို့​လည်း​ကောင်း၊ သင့်​ထက် အ​သက်​ငယ်​သော​အ​မျိုး​သ​မီး​တို့​အား​သင်​၏ နှ​မ​များ​ကဲ့​သို့​လည်း​ကောင်း​လုံး​ဝ​ဖြူ​စင် သော​စိတ်​နှင့်​ဆက်​ဆံ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 အသက်ကြီး​သော​အမျိုးသမီး​တို့​ကို မိခင်​ကဲ့သို့​လည်းကောင်း၊ ငယ်ရွယ်​သော​အမျိုးသမီး​တို့​ကို ဖြူစင်​သန့်ရှင်း​သော​စိတ်​အပြည့်အဝ​ဖြင့် နှမ​ကဲ့သို့​လည်းကောင်း မှတ်​၍ တိုက်တွန်း​နှိုးဆော်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 အ​သက်​ကြီး​သော​မိန်း​မ​တို့​ကို အ​မိ​ကဲ့​သို့​လည်း​ကောင်း၊ မိန်း​မ​ပျို​တို့​ကို အ​လွန်​စင်​ကြယ်​သော အ​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ နှ​မ​ကဲ့​သို့​လည်း​ကောင်း မှတ်၍ ကျင့်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိမောသေ 5:2
8 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​ဘုံ​ရှင်​ငါ့​ခ​မည်း​တော်​၏​အ​လို​တော် အ​တိုင်း​ဆောင်​ရွက်​သူ​မှန်​သ​မျှ​သည်​ငါ့​ညီ၊ ငါ့ အစ်​ကို၊ ငါ့​အစ်​မ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​တို့​ပေ တည်း'' ဟု​မိန့်​တော်​မူ​၏။


ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပြော​ရ လျှင် သင်​တို့​သည်​မှန်​ကန်​သော​အ​ရာ၊ မွန်​မြတ် သော​အ​ရာ၊ လျောက်​ပတ်​သော​အ​ရာ၊ ဖြူ​စင် သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​သ​ရေ ရှိ​သော​အ​ရာ​တည်း​ဟူ​သော​ကောင်း​မြတ်​၍ ချီး​မွမ်း​ဖွယ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။-


မ​ကောင်း​သည့်​အ​ရာ​မှန်​သ​မျှ​ကို​ရှောင်​ကြ​လော့။


အ​သက်​ငယ်​ရွယ်​သူ​ဖြစ်​သည့်​အ​တွက်​သင့် အား​အ​ဘယ်​သူ​မျှ​အ​ထင်​မ​သေး​စေ​နှင့်။ သင် ၏​အ​ပြော​အ​ဆို၊ အ​ပြု​အ​မူ၊ ချစ်​ခြင်း၊ သစ္စာ ရှိ​ခြင်း၊ စိတ်​နှ​လုံး​စင်​ကြယ်​ခြင်း​တို့​သည် ယုံ​ကြည်​သူ​တို့​အ​တွက်​စံ​န​မူ​နာ​ဖြစ်​စေ လော့။-


သင့်​ထက်​အ​သက်​ကြီး​သော​သူ​အား​ပြစ်​တင် ဆုံး​မ​ခြင်း​ကို​မ​ပြု​ဘဲ​သင်​၏​ဖ​ခင်​သ​ဖွယ် တောင်း​ပန်​ပြော​ဆို​လော့။ သင့်​ထက်​အ​သက်​ငယ် သော​သူ​တို့​အား​သင်​၏​ညီ​များ​ကဲ့​သို့​လည်း ကောင်း၊-


သင်​သည်​တစ်​ကိုယ်​ရေ​တစ်​ကာ​ယ​အ​မှန်​ဖြစ် သော​မု​ဆိုး​မ​တို့​အား ရို​သေ​သ​မှု​ကို​ပြု​လော့။-


သက်​ရွယ်​ပျို​သူ​တို့​၏​ရမ္မက်​ဆန္ဒ​များ​ကို​ရှောင် ကြဉ်​လော့။ သ​ခင်​ဘု​ရား​အား​သန့်​ရှင်း​စင်​ကြယ် သော​စိတ်​နှင့်​ပတ္ထ​နာ​ပြု​သူ​အ​ပေါင်း​တို့​နှင့် အ​တူ​ဖြောင့်​မတ်​ခြင်း၊ ယုံ​ကြည်​ခြင်း​တ​ရား၊ မေတ္တာ​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ရှာ လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ