၁ ဓမ္မရာဇဝင် 4:19 - Myanmar Common Language Zawgyi Version19 ဧလိ၏ချွေးမ၊ ဖိနဟတ်၏ဇနီးသည် ကိုယ် ဝန်အရင့်အမာရှိ၍မွေးဖွားချိန်ပင်နီး ကပ်၍နေလေပြီ။ သူသည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော် ရန်သူတို့လက်သို့ ကျရောက်သွားသည့်အကြောင်းကိုလည်းကောင်း၊ မိမိ၏ယောက္ခမနှင့်ခင်ပွန်းတို့ကွယ်လွန်သွား ကြသည့်အကြောင်းကိုလည်းကောင်း ကြားရ သောအခါရုတ်တရက်သားဖွားခြင်းဝေဒနာ ခံရ၍ကလေးမျက်နှာမြင်လေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်19 သူ၏ချွေးမဖြစ်သူ ဖိနဟတ်၏မယားသည်လည်း သားဖွားခါနီးကိုယ်ဝန်အရင့်အမာနှင့် ဖြစ်နေ၍ ဘုရားသခင်၏သေတ္တာတော် ရန်သူ့လက်သို့ပါသွားကြောင်း၊ ယောက္ခမနှင့်ခင်ပွန်းသေဆုံးကြောင်း သတင်းများကြားရသောအခါ ချက်ချင်းပင် သားဖွားခြင်းဝေဒနာအလူးအလိမ့်ခံစားလာရ၍ သားဖွားလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version19 သူ၏ချွေးမ ဖိနဟတ်၏မယားသည် ပဋိသန္ဓေအရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ရောက်ကြောင်း၊ ယောက္ခမနှင့်လင် သေကြောင်းကိုကြားသောအခါ၊ ကျောကုန်း၍ သားဖွားခြင်းဝေဒနာကို ချက်ချင်းခံရ၏။ အခန်းကိုကြည့်ပါ။ |
ဧလိသည်ပဋိညာဉ်သေတ္တာတော်အကြောင်းကို ကြားသောအခါ တံခါးအနီးရှိထိုင်ခုံပေါ်မှ နောက်ပြန်လဲကျသွားတော့၏။ သူသည်လွန်စွာ အိုမင်း၍ဝလွန်းသောကြောင့် ယင်းသို့လဲကျရာ ၌လည်ကုတ်ကျိုး၍သေလေ၏။ သူသည်အနှစ် လေးဆယ်တိုင်တိုင်ဣသရေလအမျိုးသား တို့အား ဦးစီးခေါင်းဆောင်လုပ်ခဲ့သူဖြစ် သတည်း။