၁ ဓမ္မရာဇဝင် 31:8 - Myanmar Common Language Zawgyi Version8 တိုက်ပွဲဖြစ်ပြီးနောက်တစ်နေ့၌ဖိလိတ္တိ အမျိုးသားတို့သည် လူသေအလောင်းတို့ ထံမှပစ္စည်းတန်ဆာများကိုချွတ်ရန်ရောက် ရှိလာကြရာ ဂိလဗောတောင်ထိပ်တွင်လဲ ၍သေနေသောရှောလုနှင့်သားတော်သုံးပါး ကိုတွေ့ရှိကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 နောက်တစ်နေ့တွင် ဖိလိတ္တိလူမျိုးတို့သည် သေဆုံးသွားသောသူတို့၏ကိုယ်မှ ပစ္စည်းများကို ချွတ်ယူရန် လာကြသောအခါ ဂိလဗောတောင်ပေါ်တွင် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်တို့ လဲကျသေဆုံးနေကြသည်ကို တွေ့ရ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌ အဝတ်တန်ဆာကို ချွတ်ခြင်းငှာလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ၊ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် လဲသေလျက်ရှိသည်ကို တွေ့မြင်ကြ၏။ အခန်းကိုကြည့်ပါ။ |
``ဂိလဗောတောင်ကုန်းများပေါ်၌ မိုးမရွာနှင်းမကျပါစေနှင့်။ ထိုတောင်ကုန်းများမှလယ်ယာများသည် ထာဝစဉ်အသီးအနှံကင်းမဲ့ပါစေသော။ အဘယ်ကြောင့်ဆိုသော်ထိုအရပ်သည် သူရဲကောင်းတို့၏ဒိုင်းလွှားများအသရေ ပျက်၍ ကျန်ရစ်ရာ၊ ရှောလု၏ဒိုင်းလွှားသံချေးတက်လျက်နေရာ ဖြစ်သောကြောင့်တည်း။
ယောရှဖတ်နှင့်သူ၏စစ်သည်တော်တို့သည် ရန်သူ တို့၏ဥစ္စာပစ္စည်းများကိုသိမ်းယူရန်လာရောက် ကြသောအခါသိုးနွားအမြောက်အမြား၊ ရိက္ခာ၊ အဝတ်အစားနှင့်အခြားအဖိုးတန်ပစ္စည်းများ ကိုတွေ့ရှိကြလေသည်။ သူတို့သိမ်းယူသည့်ဥစ္စာ ပစ္စည်းမှာအလွန်ပင်များသဖြင့် သုံးရက်တိုင်တိုင် သိမ်းယူသော်လည်းမကုန်ချေ။-