Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 31:10 - Myanmar Common Language Zawgyi Version

10 ထို​နောက်​သူ​တို့​သည်​အ​ဆို​ပါ​လက်​နက် တန်​ဆာ​များ​ကို အ​ရှ​တ​ရက်​နတ်​သ​မီး ၏​ဝတ်​ကျောင်း​တွင်​ထား​ရှိ​၍​ရှော​လု​၏ အ​လောင်း​ကို​မူ​ဗက်​ရှန်​မြို့​ရိုး​တွင်​ဆွဲ ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ရှောလု​မင်းကြီး​၏​စစ်ဝတ်တန်ဆာ​များ​ကို အာရှတရက်​ဝတ်ကျောင်း​တွင်​ထား​ပြီး အလောင်း​ကို​မူ ဗက်ရှန်​မြို့ရိုး​တွင် ချိတ်ဆွဲ​ထား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 လက်​နက်​တော်​ကို​လည်း အာ​ရှ​တ​ရက်​ကျောင်း၌​ထား၍ အ​လောင်း​တော်​ကို ဗက်​ရှန်​မြို့​ရိုး၌ ဆွဲ​ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 31:10
7 ပူးပေါင်းရင်းမြစ်များ  

မ​နာ​ရှေ​အ​နွယ်​သည်​ဣ​သ​ခါ​နှင့်​အာ​ရှာ နယ်​မြေ​များ​အ​တွင်း​၌​တည်​ရှိ​သော​ဗက်​ရှန် မြို့၊ ဣ​ဗ​လံ​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ အ​ပြင်​ဒေါ​ရ​မြို့(ပင်​လယ်​ကမ်း​ခြေ​တွင်​တည် ရှိ​သည်) အင်္ဒေါ​ရ​မြို့၊ တာ​နက်​မြို့၊ မေ​ဂိဒ္ဒေါ​မြို့ နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ကို​ပိုင်​လေ​သည်။-


မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​ဗက်​ရှန်​မြို့၊ တာ​နက် မြို့၊ ဒေါ​ရ​မြို့၊ ဣ​ဗ​လံ​မြို့၊ မေ​ဂိဒ္ဒေါ​မြို့​တို့​နှင့်​ထို မြို့​တို့​၏​အ​နီး​ရှိ​မြို့​ရွာ​များ​မှ​လူ​တို့​အား နှင်​မ​ထုတ်​ခဲ့​ကြ​ချေ။ သို့​ဖြစ်​၍​ခါ​နာန်​အ​မျိုး သား​တို့​သည်​ထို​မြို့​ရွာ​များ​၌​ပင်​ဆက်​လက် နေ​ထိုင်​ကြ​လေ​သည်။-


သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​မှု ကို​စွန့်​၍ ဗာ​လ​ဘု​ရား​များ​နှင့်​အာ​ရှ​တ​ရက် ဘု​ရား​များ​ကို​ရှိ​ခိုး​ကြ​၏။-


အ​ဟိ​မ​လက်​က``ငါ့​မှာ​ဧ​လာ​ချိုင့်​ဝှမ်း​တွင် သတ်​ဖြတ်​ခဲ့​သည့်​ဖိ​လိတ္တိ​အ​မျိုး​သား​ဂေါ လျတ်​၏​ဓား​ရှိ​ပါ​၏။ ထို​ဓား​ကို​ပ​ဋိ​ညာဉ် သေတ္တာ​တော်​၏​နောက်​တွင်​အ​ဝတ်​နှင့်​ပတ်​၍ ထား​ပါ​၏။ သင်​အ​လို​ရှိ​လျှင်​ယူ​ပါ​လေ။ ဤ​အ​ရပ်​တွင်​အ​ခြား​လက်​နက်​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​က``ထို​ဓား​ထက်​ကောင်း သည့်​ဓား​အ​ဘယ်​မှာ​မျှ​မ​ရှိ​ပါ။ ယင်း​ကို အ​ကျွန်ုပ်​အား​ပေး​ပါ​လော့'' ဟု​ဆို​၏။-


သူ​ရဲ​ကောင်း​အ​ချို့​တို့​သည် ဗက်​ရှန်​မြို့​ကို တစ်​ည​လုံး​ချီ​တက်​သွား​ကြ​၏။ သူ​တို့​သည် ရှော​လု​နှင့်​သား​တော်​တို့​၏​အ​လောင်း​များ ကို​မြို့​ရိုး​မှ​ဖြုတ်​ယူ​ပြီး​လျှင် ယာ​ဗက်​မြို့ သို့​သယ်​ဆောင်​၍​မီး​သင်္ဂြိုဟ်​လိုက်​ကြ​၏။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ရှ​မွေ​လ က``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ပြန်​လည်​လာ​ရောက် လို​ပါ​က လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​ကို လည်း​ကောင်း၊ အာ​ရှ​တ​ရက်​ဘု​ရား​မ​၏​ရုပ်​တု များ​ကို​လည်း​ကောင်း​စွန့်​ပစ်​ရ​ကြ​မည်။ သင်​တို့ ၏​ကိုယ်​ကို​လုံး​ဝ​ဆက်​ကပ်​၍​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ရှိ​ခိုး​ဝတ်​ပြု​ကြ​လျှင် ကိုယ်​တော်​သည် သင်​တို့​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လက်​မှ ကယ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ