၁ ဓမ္မရာဇဝင် 30:19 - Myanmar Common Language Zawgyi Version19 အဘယ်အရာမျှပျောက်ဆုံးမှုမရှိ။ ဒါဝိဒ် သည်မိမိလူစု၏သားသမီးအပေါင်းကို လည်းကောင်း၊ အာမလက်အမျိုးသားတို့တိုက် ယူသွားသည့်ပစ္စည်းမှန်သမျှကိုလည်းကောင်း ပြန်၍ရလေသည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်19 ဒါဝိဒ်သည် လူကြီးလူငယ်မှစ၍ သားသမီးများကို တစ်ယောက်မကျန်၊ တိုက်ခိုက်လုယူသွားသောပစ္စည်းများကိုလည်း တစ်ခုမကျန် အားလုံးပြန်လည်တိုက်ယူနိုင်ခဲ့၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version19 လူအကြီးအငယ်၊ သားသမီး၊ ဥစ္စာပစ္စည်း၊ လုယူသိမ်းသွားသမျှတို့တွင် တစ်စုံတစ်ခုမျှမကျန်၊ အလုံးစုံတို့ကို ဒါဝိဒ်သည် ရပြန်လေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါဒါဝိဒ်သည်ထာဝရဘုရား အား``အကျွန်ုပ်သည်ဤမြို့ကိုတိုက်ခိုက် လုယက်သူတို့၏နောက်သို့လိုက်ရပါမည် လော။ သူတို့အားဖမ်းဆီးရမိပါမည် လော'' ဟုမေးလျှောက်၏။ ကိုယ်တော်က``သူတို့၏နောက်သို့လိုက်လော့။ သင် သည်သူတို့ကိုဖမ်းဆီးရမိ၍သုံ့ပန်းများ ကိုကယ်ဆယ်နိုင်လိမ့်မည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။