၁ ဓမ္မရာဇဝင် 28:8 - Myanmar Common Language Zawgyi Version8 ထို့ကြောင့်ရှောလုသည်ရုပ်ဖျက်ပြီးလျှင် အဝတ်အစားများကိုလည်း ပြောင်းလဲဝတ်ဆင် ကာညဥ့်အချိန်ကျသောအခါငယ်သားနှစ် ယောက်နှင့်အတူနတ်ဝင်သည်မထံသို့သွား လေ၏။ သူသည်ထိုအမျိုးသမီးအား``ငါ၏ ကံကြမ္မာကိုနတ်တို့အားငါ၏ကိုယ်စားစုံ စမ်းမေးမြန်းပေးပါ။ ငါနာမည်ထုတ်ဖော်သူ ၏ဝိညာဉ်ကိုခေါ်ပေးပါ'' ဟုဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 ရှောလုမင်းကြီးသည် ရုပ်ဖျက်၍ တခြားအဝတ်ကိုဝတ်ပြီးလျှင် သူ့နောက်လိုက်နှစ်ဦးနှင့်အတူ သွားရာ ညအချိန်တွင် ထိုမိန်းမရှိရာသို့ ရောက်လာ၏။ ရှောလုမင်းကြီးက သူ့အား “နတ်ကို အမှီပြု၍ ငါပြောသောသူကို ခေါ်ပေးပါလော့”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကိုဆောင်လျက်၊ ညအခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသောနတ်ကိုအမှီပြု၍ သင့်အားငါပြောမည့်သူကို ဖော်ပါလော့ဟု တောင်းပန်လေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအထုပ်အပိုးကိုပခုံးပေါ်သို့တင်သည် ကိုလည်းကောင်း၊ မိမိသွားမည့်လမ်းကိုမမြင် နိုင်စေရန်မျက်နှာကိုဖုံး၍မှောင်ထဲတွင် သင် ထွက်ခွာသည်ကိုလည်းကောင်းထိုသူတို့မြင် ကြပါစေ။ သင်ပြုသောအမှုသည်ဣသရေ လအမျိုးသားတို့အတွက် သတိပေးသည့် နိမိတ်လက္ခဏာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။