Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 28:1 - Myanmar Common Language Zawgyi Version

1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​ခိုက်​ရန်​စစ်​သည်​များ​ကို​စု​ရုံး​ကြ​၏။ ထို​အ​ခါ​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား``သင်​တို့ လူ​စု​သည်​ငါ​၏​ဘက်​မှ​နေ​၍​တိုက်​ရ​ကြ မည်'' ဟု​ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ထို​ကာလ​တွင် ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို စစ်တိုက်​ရန် စစ်အင်အား​စုဆောင်း​၏​။ အာခိတ်​မင်းကြီး​က​လည်း ဒါဝိဒ်​အား “​သင်​နှင့်​သင့်​နောက်လိုက်​တို့​က ငါ​နှင့်​ပူးပေါင်း​စစ်တိုက်​ရ​မည်​ကို သင်​နားလည်​သဘောပေါက်​လိမ့်မည်​”​ဟု ဆို​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ထို​ကာ​လ၌ ဖိ​လိ​တ္တိ​လူ​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​အံ့​သော​ငှာ ဗိုလ်​ခြေ​များ​ကို စု​ဝေး​ကြ၏။ အာ​ခိတ်​မင်း​က​လည်း၊ သင်​သည် လူ​များ​ပါ​လျက် ငါ​နှင့်​လိုက်၍ စစ်​တိုက်​သွား​ရ​မည်​ကို ဆက်​ဆက်​သ​ဘော​ကျ​လော့​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 28:1
7 ပူးပေါင်းရင်းမြစ်များ  

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရန်​စု​ဝေး ကြ​၏။ သူ​တို့​မှာ​စစ်​ရ​ထား​သုံး​သောင်း၊ မြင်း စီး​သူ​ရဲ​ခြောက်​ထောင်​နှင့်​သ​မုဒ္ဒ​ရာ​သဲ​လုံး ကဲ့​သို့​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော စစ်​သည်​တပ်​သား​များ​ရှိ​သ​တည်း။ သူ​တို့ သည်​ချီ​တက်​၍​ဗေ​သ​ဝင်​မြို့​အ​ရှေ့​ဘက် ရှိ​မိတ်​မတ်​မြို့​တွင်​စ​ခန်း​ချ​ကြ​၏။-


ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ရှော​ခေါ မြို့​တွင်​စု​ရုံး​ကာ ထို​မြို့​နှင့်​အ​ဇေ​ကာ​မြို့​စပ် ကြား​ဧ​ဖက်​ဒ​မိမ်​အ​ရပ်​တွင်​တပ်​ချ​ထား ကြ​၏။-


သို့​ရာ​တွင်​အာ​ခိတ်​သည်​ဒါ​ဝိဒ်​၏​စကား​ကို ယုံ​ကြည်​သ​ဖြင့်``ဤ​လူ​သည်​မိ​မိ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မုန်း​တီး​မှု​ကို​လွန်​စွာ​ခံ​ရ ပြီ​ဖြစ်​၍​တစ်​သက်​လုံး​ငါ​၏​အ​စေ​ကို​ခံ​ရ ပေ​အံ့'' ဟု​တွေး​တော​လျက်​နေ​၏။


ဂိ​လ​ဗော​တောင်​ပေါ်​တွင်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တိုက်​ပွဲ ဖြစ်​ရာ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​များ အ​ပြား​ကျ​ဆုံး​ကြ​၏။ ကျန်​သော​သူ​တို့ သည်​ထွက်​ပြေး​ကြ​၏။-


မိ​ဇ​ပါ​မြို့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ စု​ရုံး​လျက်​ရှိ​ကြောင်း​ကို ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကြား​သိ​ကြ​သော​အ​ခါ ဖိ​လိတ္တိ​ဘု​ရင်​ငါး ပါး​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ ရာ​သို့​စစ်​ချီ​လာ​ကြ​၏။ ဤ​အ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြား​သိ​ကြ သော​အ​ခါ​ကြောက်​လန့်​ကြ​သ​ဖြင့်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ