Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 26:7 - Myanmar Common Language Zawgyi Version

7 သို့​ဖြစ်​၍​ထို​ညဥ့်​၌​ဒါ​ဝိဒ်​နှင့်​အ​ဘိ​ရှဲ​တို့ သည်​ရှော​လု​၏​တပ်​စ​ခန်း​သို့​ဝင်​ရောက်​ကြ ရာ​တပ်​စ​ခန်း​အ​လယ်​တွင် ရှော​လု​သည်​မိ​မိ ၏​လှံ​ကို​ခေါင်း​ရင်း​တွင်​စိုက်​၍​အိပ်​ပျော်​နေ သည်​ကို​တွေ့​ရှိ​ကြ​၏။ အာ​ဗ​နာ​နှင့်​စစ်​သည် တပ်​သား​တို့​က​မူ​ရှော​လု​ပတ်​လည်​တွင် အိပ်​လျက်​နေ​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 ထို့ကြောင့် ဒါဝိဒ်​နှင့် အဘိရှဲ​သည် ညအချိန်​တွင် တပ်စခန်း​သို့ ဆင်းသွား​ရာ ရှောလု​သည် စခန်း​တွင်း​အိပ်​နေ​ပြီး သူ​၏​လှံတံ​ကို သူ့​ခေါင်းရင်း မြေကြီး​ပေါ်တွင် ထိုးစိုက်​ထား​သည်​ကို တွေ့​ရ​၏​။ အာဗနာ​နှင့် တပ်သား​တို့​သည်​လည်း သူ့​ကို ဝိုင်းရံ​လျက် အိပ်​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 ဒါ​ဝိဒ်​နှင့် အ​ဘိ​ရှဲ​တို့​သည် ည​အ​ခါ တပ်​သား​များ​ရှိ​ရာ​သို့​သွား၍ ရှော​လု​သည် ရ​ထား​တပ်​အ​လယ်၌ အိပ်​ပျော်​လျက်၊ လှံ​တော်​သည် ခေါင်း​ရင်း​အ​နား မြေ၌​စိုက်​လျက်၊ အာ​ဗ​နာ​နှင့် တပ်​သား​များ​တို့​သည် ပတ်​လည်၌​အိပ်​လျက်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 26:7
5 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​သား​မ​ယား​များ​ကို​တင်​ဆောင်​လာ​ရန် အ​တွက် အီ​ဂျစ်​ပြည်​မှ​လှည်း​များ​ကို​လည်း​ယူ သွား​ကြ​ပါ​စေ။-


ဒါ​ဝိဒ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော​ထ ၍ သိုး​တို့​ကို​အ​ခြား​လူ​တစ်​ယောက်​လက်​တွင် အပ်​ပြီး​နောက် အ​စား​အ​စာ​များ​ကို​ယူ​ကာ ယေ​ရှဲ​မှာ​ကြား​သည့်​အ​တိုင်း​ထွက်​ခွာ​သွား လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့် ဖိလိတ္တိ​အ​မျိုး​သား​တို့​စစ်​တိုက်​ရန် ကြွေး​ကြော်​ကာ စစ်​မြေ​ပြင်​သို့​ထွက်​ခွာ​လာ ချိန်​၌​ရောက်​ရှိ​လာ​၏။-


ထို​နောက်​ဒါ​ဝိဒ်​သည်​ဟိတ္တိ​အ​မျိုး​သား​အ​ဟိ မ​လက်​နှင့်​ဇေ​ရု​ယာ​၏​သား၊ ယွာ​ဘ​၏​ညီ အ​ဘိ​ရှဲ​တို့​အား``သင်​တို့​နှစ်​ဦး​အ​နက် အ​ဘယ်​သူ​သည်​ရှော​လု​၏​တပ်​စ​ခန်း​သို့ ငါ​နှင့်​အ​တူ လိုက်​ပါ​မည်​နည်း'' ဟု​မေး​၏။ အ​ဘိ​ရှဲ​က``အ​ကျွန်ုပ်​လိုက်​ပါ​မည်'' ဟု​ဆို​၏။


အ​ဘိ​ရှဲ​က​ဒါ​ဝိဒ်​အား``ဘု​ရား​သ​ခင်​သည် အ​ရှင်​၏​ရန်​သူ​ကို​ယ​နေ့​အ​ရှင့်​လက်​သို့​အပ် တော်​မူ​ပြီ။ သို့​ဖြစ်​၍​သူ့​အား​သူ့​လှံ​ဖြင့်​ပင် တစ်​ချက်​တည်း​မြေ​တွင်​စိုက်​နေ​အောင်​ထိုး သတ်​ခွင့်​ပေး​တော်​မူ​ပါ။ နှစ်​ချက်​ထိုး​ရန် လို​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ