Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 25:42 - Myanmar Common Language Zawgyi Version

42 လျင်​မြန်​စွာ​ထ​၍​မြည်း​ကို​စီး​လေ​၏။ ထို နောက်​အ​မျိုး​သ​မီး​အ​စေ​ခံ​ငါး​ယောက် ကို​ခေါ်​၍ ဒါ​ဝိဒ်​၏​စေ​တ​မန်​များ​နှင့်​အ​တူ လိုက်​သွား​ပြီး​လျှင် ဒါ​ဝိဒ်​၏​ဇ​နီး​အ​ဖြစ် ခံ​ယူ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

42 အဘိဂဲလ​သည် ချက်ချင်း​ထ​၍ အနီးကပ်အစေခံ​အမျိုးသမီး​ငါး​ဦး​ပါ​လျက် မြည်း​ကို​စီး​ကာ ဒါဝိဒ်​၏​တမန်​တို့​နှင့်အတူ လိုက်သွား​၍ ဒါဝိဒ်​၏​မယား​အဖြစ် ခံယူ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

42 အ​လျင်​အ​မြန်​ထ၍ မိ​မိ​နောက်​လိုက် ကျွန်​မ​ငါး​ယောက်​ပါ​လျက် မြည်း​စီး​သ​ဖြင့်၊ ဒါ​ဝိဒ်​စေ​လွှတ်​သော လူ​တို့​နှင့်​တ​ကွ​လိုက်၍ ဒါ​ဝိဒ်၏​ခင်​ပွန်း ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 25:42
7 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​မိ​မိ​ဇ​နီး​နှစ်​ယောက်​ဖြစ်​ကြ​သော ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​နှင့်​က​ရ​မေ​လ မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ​ဂဲ​လ​ကို ခေါ်​၍​ဟေ​ဗြုန်​မြို့​သို့​သွား​လေ​သည်။-


ဟေ​ဗြုန်​မြို့​တွင်​ဒါ​ဝိဒ်​ရ​ရှိ​သော​သား​ခြောက် ယောက်​တို့​၏​အ​မည်​များ​ကို​ဖော်​ပြ​အံ့။ သား​ဦး မှာ​အာ​မ​နုန်​ဖြစ်​၍​သူ​၏​မိ​ခင်​မှာ​ယေ​ဇ​ရေ​လ မြို့​သူ​အ​ဟိ​နောင်​ဖြစ်​၏။-


ဒု​တိ​ယ​သား​မှာ​ခိ​လပ်​ဖြစ်​၍​သူ​၏​မိ​ခင်​ကား က​ရ​မေ​လ​မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ ဂဲ​လ​ဖြစ်​၏။ တ​တိ​ယ​သား​ကား​အ​ဗ​ရှ​လုံ ဖြစ်​၏။ သူ​၏​မိ​ခင်​မှာ​ဂေ​ရှု​ရ​ဘု​ရင်​တာ​လ​မဲ ၏​သ​မီး​တော်​မာ​ခါ​ဖြစ်​၏။-


ဒါ​ဝိဒ်​တို့​လူ​စု​သည်​မိ​မိ​တို့​သား​မ​ယား​များ နှင့်​တ​ကွ ဂါ​သ​မြို့​တွင်​အ​တည်​တ​ကျ​နေ​ထိုင် ကြ​၏။ ဒါ​ဝိဒ်​နှင့်​အ​တူ​သူ​၏​ဇ​နီး​များ​ဖြစ် သော​ယေ​ဇ​ရေ​လ​မြို့​သူ​အ​ဟိ​နောင်​နှင့် က​ရ မေ​လ​မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ​ဂဲလ တို့​ပါ​လာ​ကြ​၏။-


ဒါ​ဝိဒ်​၏​မ​ယား​များ​ဖြစ်​ကြ​သော အ​ဟိ​နောင် နှင့်​အ​ဘိ​ဂဲ​လ​တို့​ပင်​လျှင်​ပါ​သွား​ကြ​လေ သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ