၁ ဓမ္မရာဇဝင် 25:37 - Myanmar Common Language Zawgyi Version37 ထိုနောက်အရက်မူးပြေ၍လာသောအခါ၌ မူ သူ့အားဇနီးသည်ကဖြစ်သမျှသောအမှု တို့ကိုပြောပြလေသည်။ ထိုအခါသူသည် လေဖြတ်သဖြင့်တစ်ကိုယ်လုံးမလှုပ်မရှား နိုင်တော့ချေ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်37 နံနက်ရောက်၍ နာဗလ စပျစ်ဝိုင်အမူးပြေသောအခါ သူ့မယားက သူ့အား အဖြစ်အပျက်အလုံးစုံကို ပြောပြလေ၏။ ထိုအခါ နာဗလသည် နှလုံးရပ်သွား၍ ခန္ဓာကိုယ်မှာ ကျောက်တုံးကဲ့သို့ ဖြစ်လေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version37 မိုးလင်း၍ နာဗလသောက်သော စပျစ်ရည်အရှိန်ကုန်သောအခါ၊ ထိုအမှုများကို မယားပြောသဖြင့် သူသည်နှလုံးသေ၍ ကျောက်ကဲ့သို့ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သင့်အားဘေးအန္တရာယ် မပြုမိစေရန်လည်း ငါ့အားဆီးတားတော်မူ လေပြီ။ သို့ရာတွင်အကယ်၍သင်သည်ငါ့ထံ သို့အလျင်အမြန်မရောက်လာပါမူ နက်ဖြန် နံနက်မတိုင်မီနာဗလ၏လူအပေါင်းတို့အား ငါသတ်မိမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါကျိန် ဆို၏'' ဟုပြော၏။-