Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 23:8 - Myanmar Common Language Zawgyi Version

8 ထို့​ကြောင့်​ရှော​လု​သည်​စစ်​သည်​တပ်​သား​များ အား​ဆင့်​ခေါ်​ပြီး​လျှင် ကိ​လ​မြို့​သို့​ချီ​တက် ၍​ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​အား​ဝိုင်း​ရံ​ရန် အ​မိန့်​ပေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ကိလ​မြို့​သို့​ချီသွား​၍ ဒါဝိဒ်​နှင့်​သူ​၏​လူ​များ​ကို ဝိုင်း​ထား​ပြီး တိုက်ခိုက်​ရန် ရှောလု​မင်းကြီး​သည် စစ်သည်​အပေါင်း​တို့​ကို စုဝေး​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 ကိ​လ​မြို့​သို့​စစ်​ချီ၍ ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​ကို ဝိုင်း​ထား​ခြင်း​ငှာ မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 23:8
4 ပူးပေါင်းရင်းမြစ်များ  

ထို့​နောက်​ရှော​လ​မုန်​မင်း​သည် ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား``အာ​န​သုတ်​မြို့​ရှိ​သင်​၏ ကျေး​လက်​နေ​အိမ်​သို့​သွား​လော့။ သင်​သည် သေ​ဒဏ်​ခံ​ထိုက်​သူ​ဖြစ်​ပေ​သည်။ သို့​ရာ​တွင် သင်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ၊ မင်း​ကြီး​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​ကို​ခံ​ခဲ့​သူ​ဖြစ်​သ​ဖြင့် ယ​ခု​သင့်​အား​ငါ​မ​သတ်​လို​ပြီ'' ဟု မိန့်​တော်​မူ​၏။-


ထို​နောက်​ဒါ​ဝိဒ်​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ရှော​လု သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး ကြောင့်​ကိ​လ​မြို့​သို့​လာ​ရောက်​၍ မြို့​ကို​ဖျက် ဆီး​ပစ်​ရန်​ကြံ​စည်​လျက်​ရှိ​ကြောင်း​ကြား​ရ ပါ​၏။-


ကိ​လ​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ကြောင်း​ကို​ရှော​လု ကြား​လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား ငါ​၏​လက်​သို့​အပ်​တော်​မူ​ပြီ။ ဒါ​ဝိဒ်​သည်​မြို့ ရိုး​နှင့်​မြို့​တံ​ခါး​အ​ခိုင်​အ​မာ​ရှိ​သည့်​မြို့​ထဲ သို့​ရောက်​ခြင်း​အား​ဖြင့် ထောင်​ချောက်​တွင်း သို့​သက်​ဆင်း​လေ​ပြီ'' ဟု​ဆို​၏။-


ဒါ​ဝိဒ်​သည်​မိ​မိ​အား ရှော​လု​တိုက်​ခိုက်​ရန်​ကြံ စည်​လျက်​နေ​ကြောင်း​ကြား​လျှင် ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ