Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 23:13 - Myanmar Common Language Zawgyi Version

13 ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​ခြောက်​ရာ​ခန့်​ရှိ​သော​အ​ပေါင်း ပါ​တို့​သည် ချက်​ချင်း​ပင်​ကိ​လ​မြို့​မှ​ထွက်​၍​သင့် ရာ​သို့​ဆုတ်​ခွာ​သွား​ကြ​၏။ ကိ​လ​မြို့​မှ​ဒါ​ဝိဒ် ထွက်​ပြေး​သွား​ကြောင်း​ရှော​လု​ကြား​သိ​သော အ​ခါ မိ​မိ​၏​အ​ကြံ​အ​စည်​ကို​ဖျက်​သိမ်း​လိုက် လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ထို့ကြောင့် ဒါဝိဒ်​နှင့် သူ့​နောက်လိုက်​ခြောက်​ရာ​ခန့်​တို့​သည် ထ​၍ ကိလ​မြို့​မှ​ချက်ချင်း​ထွက်သွား​ပြီး တစ်နေရာ​မှ​တစ်နေရာ​သို့ ရွှေ့ပြောင်း​သွားလာ​ရ​ကြ​၏​။ ထိုသို့ ဒါဝိဒ်​သည် ကိလ​မြို့​မှ ထွက်ပြေး​သွား​ကြောင်း​ကို ရှောလု​မင်းကြီး​ကြားသိ​လျှင် သူ​ဆက်​မ​လိုက်​တော့​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 ထို​အ​ခါ ဒါ​ဝိဒ်​သည် ခြောက်​ရာ​ခန့်​ရှိ​သော မိ​မိ​လူ​တို့​နှင့်​ထ၍ ကိ​လ​မြို့​မှ ထွက်​ပြီး​လျှင်၊ သွား​နိုင်​ရာ​အ​ရပ်​ရပ်​သို့ သွား​ကြ၏။ ဒါ​ဝိဒ်​သည် ကိ​လ​မြို့​မှ အ​လွတ်​ပြေး​ကြောင်း​ကို ရှော​လု​သည်​ကြား၍ ကိုယ်​တိုင်​မ​သွား​ဘဲ​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 23:13
7 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်​သူ​၏ အ​နီး​တွင်​ရပ်​၍​နေ​စဉ် အ​စောင့်​တပ်​သား​များ သည်​မင်း​ကြီး​၏​ရှေ့​မှ​ဖြတ်​သွား​ကြ​၏။ ဂါ​သ မြို့​မှ​လိုက်​ပါ​လာ​ကြ​သော​တပ်​သား​ခြောက် ရာ​တို့​သည်​လည်း​ယင်း​သို့​ဖြတ်​သွား​ကြ သော​အ​ခါ၊-


ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​သည်​မှာ​လည်း​ကာ​လ အ​နည်း​ငယ်​သာ​ရှိ​သေး​သ​ဖြင့် ငါ​သည်​အ​ဘယ် ကြောင့်​သင့်​အား​ငါ​နှင့်​အ​တူ​အ​ရပ်​ရပ်​သို့​လှည့် လည်​စေ​ရ​ပါ​မည်​နည်း။ ငါ​အ​ဘယ်​အ​ရပ်​သို့ သွား​ရ​မည်​ကို​ပင်​မ​သိ။ သင်​သည်​မိ​မိ​၏​အ​မျိုး သား​တို့​ကို​ခေါ်​၍​ပြန်​သွား​ပါ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​သစ္စာ​က​ရု​ဏာ​ထား တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။


ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏။


အ​နှိပ်​အ​စက်​ခံ​ရ​သူ​တို့​သည်​ကိုယ်​တော်​ကို မျှော်​ကြည့်​၍​ဝမ်း​မြောက်​ပါ​၏။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​ပျက်​ကြ ရ​လိမ့်​မည်​မ​ဟုတ်။


ညှင်း​ပန်း​နှိပ်​စက်​ခြင်း​ခံ​ရ​ကြ​သူ၊ ကြွေး​မြီ တင်​သူ၊ စိတ်​မ​ကျေ​မ​နပ်​ဖြစ်​သူ​မှ​စ​၍​စု​စု ပေါင်း​လူ​လေး​ရာ​ခန့်​တို့​သည် သူ​၏​ထံ​သို့ ဝင်​ရောက်​လာ​ကြ​သ​ဖြင့် ဒါ​ဝိဒ်​သည်​သူ​တို့ ၏​ခေါင်း​ဆောင်​ဖြစ်​လာ​လေ​သည်။


ထို​အ​ခါ​ဒါ​ဝိဒ်​သည်​သူ​တို့​အား``ဓား​ကို​ခါး တွင်​ပတ်​စည်း​ကြ​လော့'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​သူ​တို့​သည်​ပတ်​စည်း​ကြ​၏။ ဒါ​ဝိဒ် သည်​လည်း​မိ​မိ​၏​ဓား​ကို​ခါး​တွင်​ပတ်​စည်း ကာ လူ​လေး​ရာ​ခန့်​နှင့်​အ​တူ​ထွက်​ခွာ​သွား လေ​သည်။ လူ​နှစ်​ရာ​ကို​မူ​စ​ခန်း​စောင့်​ရန် ထား​ခဲ့​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ