၁ ဓမ္မရာဇဝင် 21:9 - Myanmar Common Language Zawgyi Version9 အဟိမလက်က``ငါ့မှာဧလာချိုင့်ဝှမ်းတွင် သတ်ဖြတ်ခဲ့သည့်ဖိလိတ္တိအမျိုးသားဂေါ လျတ်၏ဓားရှိပါ၏။ ထိုဓားကိုပဋိညာဉ် သေတ္တာတော်၏နောက်တွင်အဝတ်နှင့်ပတ်၍ ထားပါ၏။ သင်အလိုရှိလျှင်ယူပါလေ။ ဤအရပ်တွင်အခြားလက်နက်မရှိပါ'' ဟုပြန်ပြော၏။ ထိုအခါဒါဝိဒ်က``ထိုဓားထက်ကောင်း သည့်ဓားအဘယ်မှာမျှမရှိပါ။ ယင်းကို အကျွန်ုပ်အားပေးပါလော့'' ဟုဆို၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 ယဇ်ပုရောဟိတ်က “ဧလာချိုင့်၌ သင်သုတ်သင်ပစ်ခဲ့သော ဖိလိတ္တိပြည်သား ဂေါလျတ်၏ဓားရှိပါ၏။ အဝတ်နှင့်ပတ်ပြီး ဧဖုဒ်နောက်တွင် သိမ်းထားပါ၏။ ဤဓားမှလွဲ၍ အခြားဓားမရှိပါ။ ယူလိုပါက ယူသွားပါ”ဟု ဆိုလျှင် ဒါဝိဒ်က “အကျွန်ုပ်ကို ပေးပါလော့။ ဤဓားထက်ကောင်းသောဓား မရှိပါ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 ယဇ်ပုရောဟိတ်က၊ ဧလာချိုင့်၌ သင်လုပ်ကြံခဲ့သော ဖိလိတ္တိလူ ဂေါလျတ်၏ဓားသည် အဝတ်နှင့်ထုပ်ရစ်လျက် သင်တိုင်းတော်နောက်မှာရှိ၏။ ယူချင်လျင် ယူတော့။ အခြားသောဓားမရှိဟု ဆိုလျှင်၊ ဒါဝိဒ်က ထိုဓားနှင့်တူသော ဓားမရှိ။ ပေးပါတော့ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |