၁ ဓမ္မရာဇဝင် 20:42 - Myanmar Common Language Zawgyi Version42 ထိုအခါယောနသန်က``ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူပါစေသော။ ငါတို့ နှစ်ယောက်သည်လည်းကောင်း၊ ငါတို့သားမြေး များသည်လည်းကောင်းငါတို့တစ်ယောက်ကို တစ်ယောက်ပြုခဲ့သည့်ကတိသစ္စာကို ထာဝစဉ် မပျက်မကွက်စောင့်ထိန်းနိုင်ကြစေရန် ထာဝရဘုရားမုချကူမတော်မူပါ လိမ့်မည်'' ဟုဆို၏။ ထိုနောက်ဒါဝိဒ်ထွက်ခွာ သွား၏။ ယောနသန်သည်လည်းမြို့ထဲသို့ ပြန်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်42 ထို့နောက် ယောနသန်က ဒါဝိဒ်အား “အေးအေးဆေးဆေးသွားပါတော့။ ‘ထာဝရဘုရားသည် ငါနှင့်သင့်ကြား၊ ငါ့သားစဉ်မြေးဆက်နှင့် သင့်သားစဉ်မြေးဆက်တို့ကြားတွင် သက်သေအစဉ်ဖြစ်ပါစေ’ဟူ၍ ထိုထာဝရဘုရား၏နာမတော်၌ ငါတို့နှစ်ယောက် ကျိန်ဆိုထားပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်ထွက်သွား၍ ယောနသန်လည်း မြို့ထဲသို့ ပြန်သွားလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version42 ယောနသန်ကလည်း၊ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ်အမျိုးအနွယ် စပ်ကြားမှာ အစဉ်အမြဲရှိတော်မူစေသတည်းဟူ၍ ထာဝရဘုရား၏ နာမတော်ကို တိုင်တည်သဖြင့်၊ ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကိုထောက်၍၊ ငြိမ်ဝပ်စွာ သွားတော့ဟု ဒါဝိဒ်အားဆိုလျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။ အခန်းကိုကြည့်ပါ။ |