Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 18:22 - Myanmar Common Language Zawgyi Version

22 သူ​သည်​နန်း​တွင်း​အ​ရာ​ရှိ​အ​ချို့​တို့​ကို​လည်း ခေါ်​ပြီး​လျှင်``သင်​တို့​သည်​ဒါ​ဝိဒ်​အား မင်း​ကြီး သည်​သင့်​ကို​မြတ်​နိုး​တော်​မူ​သည်။ အ​ရာ​ရှိ အ​ပေါင်း​တို့​က​လည်း​ချစ်​ခင်​ကြ​သည်။ သို့​ဖြစ် ၍​ယ​ခု​အ​ချိန်​သည်​ဘု​ရင့်​သ​မီး​တော်​နှင့် သင် ထိမ်း​မြား​ရန်​အ​ချိန်​ကောင်း​ပင်​ဖြစ်​သည်​ဟု တိတ်​တ​ဆိတ်​တိုက်​တွန်း​ကြ​လော့'' ဟု​မှာ ထား​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 “ ‘​ရှင်ဘုရင်​သည် သင့်​ကို​နှစ်သက်​၏​။ မင်းမှုထမ်း​တို့​လည်း သင့်​ကို​သဘောကျ​၏​။ ထို့ကြောင့် ရှင်ဘုရင်​၏​သမက်​အဖြစ် လက်ခံ​ပါ​’​ဟူ၍ ဒါဝိဒ်​အား တိတ်တဆိတ်​ပြော​ကြ​လော့​”​ဟု ရှောလု​မင်းကြီး​က သူ​၏​အမှုထမ်း​တို့​အား မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

22 နန်း​တော်​သား​အ​ချို့​ကို ခေါ်၍၊ သင်​တို့​သည် ဒါ​ဝိဒ်​နှင့် တိတ်​ဆိတ်​စွာ စ​ကား​ပြော​ရ​မည်​မှာ၊ ရှင်​ဘု​ရင်​သည် သင့်​ကို​စုံ​မက်၍၊ ရှင်​ဘု​ရင်၏ ကျွန်​အ​ပေါင်း​တို့​သည်​လည်း ချစ်​ကြ၏။ သို့​ဖြစ်၍ ရှင်​ဘု​ရင်၏​သ​မက်​တော် ဖြစ်​ကောင်း​ပါ၏​ဟု မှာ​ထား​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 18:22
6 ပူးပေါင်းရင်းမြစ်များ  

သူ​၏​စ​ကား​တို့​သည်​ထော​ပတ်​ထက်​ပင် ချော​မွတ်​သော်​လည်း သူ​၏​စိတ်​နှ​လုံး​ထဲ​၌​မူ​ကား မုန်း​တီး​တတ်​သော​သ​ဘော​ရှိ​၏။ သူ​၏​စ​ကား​တို့​သည်​ဆီ​ကဲ့​သို့​ပျော့​ပျောင်း သော်​လည်း ထက်​သော​ဓား​ကဲ့​သို့​ထိ​ခိုက်​နာ​ကြင်​စေ​တတ်​၏။


မင်းသည်မုသာစကားကို နားထောင်လျှင်၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။


``ငါ​သည်​မိ​ခါ​လ​ကို​ဒါ​ဝိဒ်​နှင့်​စုံ​ဖက်​စေ​မည်။ သူ့​အား​ကျော့​ကွင်း​သ​ဖွယ်​ပြု​၍​ဒါ​ဝိဒ်​ကို ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​ဖြင့်​အ​သတ် ခံ​ရ​စေ​မည်'' ဟု​ဆို​၏။-


ထို့​ကြောင့်​သူ​တို့​သည်​မင်း​ကြီး​မှာ​ကြား​သည့် အ​တိုင်း​ဒါ​ဝိဒ်​အား​တိုက်​တွန်း​ကြ​၏။ ဒါ​ဝိဒ် က``ဘု​ရင့်​သ​မက်​တော်​ဖြစ်​ရ​သည်​မှာ​အ​ထူး ဂုဏ်​ယူ​ဖွယ်​ရာ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​ကဲ့​သို့ မ​ရေ​ရာ​သူ​ဆင်း​ရဲ​သား​တစ်​ယောက်​အ​တွက် မ​ထိုက်​တန်​သော​အ​ခွင့်​အ​ရေး​ဖြစ်​ပါ​၏'' ဟု​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ