၁ ပေတရု 3:5 - Myanmar Common Language Zawgyi Version5 ရှေးအခါကဘုရားတရားကြည်ညို၍ ဘုရားသခင်ကိုမျှော်လင့်ကိုးစားသော အမျိုးသမီးတို့သည် မိမိတို့ခင်ပွန်းများ ၏စကားကိုနားထောင်ခြင်းအားဖြင့်လှပ အောင်တန်ဆာဆင်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 ဘုရားသခင်ကိုမျှော်လင့်အားထားသော သန့်ရှင်းသည့် ရှေးကာလမှအမျိုးသမီးတို့သည်လည်း ထိုနည်းတူ မိမိတို့ကိုယ်ကို တန်ဆာဆင်ကြကာ စာရာသည် အာဗြဟံကို သခင်ဟုခေါ်လျက် နာခံသကဲ့သို့ မိမိတို့၏ခင်ပွန်းသည်များကို နာခံခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5-6 ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်းသော မိန်းမတို့သည် ရှေးက ထိုသို့ ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာကျင့်၍၊ ကြောက်ရွံ့ တုန်လှုပ်ခြင်း အလျှင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့အပြင်ကောင်းမှုကြောင့်အသရေရှိသူဖြစ် ရမည်။ မိမိ၏သားသမီးများကိုကောင်းစွာ ပြုစုစောင့်ရှောက်ခဲ့သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ ဘုရားသခင်၏လူစုတော်ဝင်တို့ခြေကိုဆေး သူ၊ ဒုက္ခရောက်သူတို့အားကူညီမစသူ၊ ကောင်း မှုအမျိုးမျိုးကိုကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမည်။
ငါတို့သည်ငါတို့အရှင်သခင်ယေရှုခရစ် ၏ခမည်းတော်ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြကုန်စို့။ ကိုယ်တော်သည်မဟာ ကရုဏာတော်ကြောင့်သခင်ယေရှုခရစ် ကိုသေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ ခြင်းအားဖြင့် ငါတို့အားဘဝသစ်ကိုပေး တော်မူသဖြင့်စိတ်ချရသောမျှော်လင့် ခြင်းကိုရရှိစေတော်မူ၏။-
ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။