၃ ဓမ္မရာဇဝင် 9:16 - Myanmar Common Language Zawgyi Version16 (အီဂျစ်ဘုရင်သည်ဂေဇာမြို့ကိုတိုက်ခိုက်သိမ်း ယူပြီးလျှင် မြို့သူမြို့သားတို့ကိုသတ်၍မြို့ကို မီးရှို့ပစ်လေသည်။ ထို့နောက်သမီးတော်အား ရှောလမုန်နှင့်ထိမ်းမြားမင်္ဂလာပြုချိန်၌ထို မြို့ကိုလက်ဖွဲ့တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်16 အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် ဂေဇာမြို့ကို ချီတက်သိမ်းပိုက်ပြီး မီးရှို့၍ ထိုမြို့သားခါနာန်လူမျိုးတို့အား သတ်ပြီးလျှင် ထိုမြို့ကို မိမိသမီးတော် ရှောလမုန်မင်းကြီး၏မိဖုရားအား လက်ဖွဲ့အဖြစ် ပေးခဲ့၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 ဂေဇာမြို့ကိုကား၊ အဲဂုတ္တုဖာရောဘုရင်သည် စစ်ချီ၍ တိုက်ယူမီးရှို့သဖြင့်၊ မြို့သားခါနာနိလူတို့ကို လုပ်ကြံပြီးမှ၊ မိမိသမီး၊ ရှောလမုန်၏ ခင်ပွန်းအား လက်ဆောင်ပေးနှင့်လေပြီ။ အခန်းကိုကြည့်ပါ။ |
တရားစီရင်ရာခန်းမဆောင်၏နောက်၌ တံ တိုင်းတစ်ခုအတွင်းတွင်ရှောလမုန်၏စံနန်း ဆောင်ကို အခြားအဆောက်အအုံများနည်း တူဆောက်လုပ်ထား၏။ မင်းကြီးသည်မိမိ၏ မိဖုရားဖြစ်သူအီဂျစ်ဘုရင်၏သမီး တော်အတွက် စံအိမ်တော်ကိုလည်းမိမိ၏ စံနန်းကဲ့သို့ပင်ဆောက်လုပ်တော်မူလေ သည်။-