Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၃ ဓမ္မ​ရာဇဝင် 7:2 - Myanmar Common Language Zawgyi Version

2-3 လေ​ဗ​နုန်​တော​ခေါ်​ခန်း​မ​ဆောင် အ​လျား​တစ်​ရာ့​ငါး​ဆယ်​ပေ၊ အ​နံ​ခု​နစ်​ဆယ့် ငါး​ပေ၊ အ​မြင့်​လေး​ဆယ့်​ငါး​ပေ​ရှိ​၏။ ထို ခန်း​မ​ဆောင်​တွင်​သစ်​က​တိုး​သား​တစ်​ဆယ့် ငါး​တိုင်​ရှိ​သော​တိုင်​တန်း​သုံး​တန်း​ရှိ​၏။ ထို တိုင်​များ​ပေါ်​တွင်​သစ်​က​တိုး​သား​ထုပ်​များ တင်​ထား​၏။ မျက်​နှာ​ကျက်​ကို​လည်း​သစ် က​တိုး​သား​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 အလျား​အတောင်​တစ်ရာ​၊ အနံ​အတောင်​ငါးဆယ်​၊ အမြင့်​အတောင်​သုံးဆယ်​ရှိ​သော လက်ဘနွန်​တော​စံနန်းဆောင်​ကို တည်ဆောက်​၏​။ သစ်ကတိုးသား​တိုင်​လေး​တန်း​တန်း​ပြီး ထို​တိုင်​များ​ပေါ်တွင် ရက်မ​များ​ကို တင်ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 နန်း​တော်​ကို လေ​ဗ​နုန်​တော​သစ်​သား​ဖြင့် ဆောက်၍၊ အ​လျား​အ​တောင်​တစ်​ရာ၊ အ​နံ​အ​တောင်​ငါး​ဆယ်၊ အ​မြင့်​အ​တောင်​သုံး​ဆယ်​ရှိ၏။ အာ​ရဇ်​တိုင်​လေး​စဉ်၊ အာ​ရဇ်​ရက်​မ​များ​နှင့် ဆောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ဓမ္မ​ရာဇဝင် 7:2
8 ပူးပေါင်းရင်းမြစ်များ  

ရွှေ​ချိန်​လေး​ပေါင်​ခန့်​စီ​ဖြင့်​မွမ်း​မံ​ထား​သော​ဒိုင်း ငယ်​သုံး​ရာ​ကို​လည်း​ပြု​လုပ်​၍ ထို​ဒိုင်း​အား​လုံး ကို​လေ​ဗ​နုန်​ခန်း​မ​ဆောင်​တွင်​ထား​ရှိ​စေ​၏။


ရှော​လ​မုန်​၏​သောက်​တော်​ရေ​ဖ​လား​မှန်​သ​မျှ သည်​ရွှေ​ဖြင့်​ပြီး​၍ လေ​ဗ​နုန်​တော​ခေါ်​ခန်း​မ ဆောင်​တွင်​ရှိ​သ​မျှ​သော​အ​သုံး​အ​ဆောင်​များ သည်​လည်း​ရွှေ​စင်​ဖြင့်​ပြီး​သ​တည်း။ ရှော​လ​မုန် ၏​လက်​ထက်​က​ငွေ​ကို​တန်​ဖိုး​မ​ထား​သ​ဖြင့် ငွေ​အ​သုံး​အ​ဆောင်​မ​ထား​ချေ။-


ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်၊ နန်း​တော်​မှ စ​၍​ဆောက်​လုပ်​လို​သ​မျှ​သော အ​ဆောက်​အ​အုံ များ​ကို​ဆောက်​လုပ်​ပြီး​သော​အ​ခါ၊-


ရိက္ခာ​သို​လှောင်​ရာ​မြို့​များ၊ မြင်း​များ၊ စစ်​ရ​ထား များ၊ စ​ခန်း​မြို့​များ​ကို​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့၊ လေ​ဗ​နုန်​တောင်​ပေါ်​နှင့်​နိုင်​ငံ​တော် အ​တွင်း​အ​ခြား​ဒေ​သ​များ​တွင် မိ​မိ​ဆောက် လုပ်​လို​သ​မျှ​သော​အ​ဆောက်​အ​အုံ​များ​ကို လည်း​ကောင်း​ချွေး​တပ်​ဖြင့်​ပင်​တည်​ဆောက်​တော် မူ​၏။-


ရှစ်​ပေါင်​နီး​ပါး​စီ​ရှိ​သည့်​ရွှေ​ပြား​များ​ဖြင့် မွမ်း​မံ​ထား​သော​ဒိုင်း​ငယ်​သုံး​ရာ​ကို​ပြု​လုပ် တော်​မူ​သည်။ သူ​သည်​ထို​ဒိုင်း​အား​လုံး​ကို လေ​ဗ​နုန်​တော​ခန်း​မ​ဆောင်​တွင်​ထား​ရှိ စေ​၏။


သင်၏လည်တိုင်သည်ဆင်စွယ်ရဲတိုက်နှင့်တူ၍ သင့်မျက်လုံးများသည် ဟေရှဘုံမြို့တံခါးအနီးရှိ ရေအိုင်များနှင့်တူပါ၏။ သင်၏နှာတန်သည်ဒမာသက်မြို့ကိုကွယ်ကာလျက် နေသောလေဗနုန်ရဲတိုက်နှင့်တူပါ၏။


ယု​ဒ​ပြည်​၏​ခံ​တပ်​ရှိ​သ​မျှ​တို့​သည်​ကား ပြို​ပျက်​၍​သွား​လေ​ပြီ။ ထို​အ​ခါ​သင်​၏​လူ​တို့​သည်​လက်​နက်​တိုက် မှ​လက်​နက်​များ​ကို​ထုတ်​ယူ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ