၃ ဓမ္မရာဇဝင် 6:16 - Myanmar Common Language Zawgyi Version16 အလွန်သန့်ရှင်းရာဌာနတော်ဟုခေါ်တွင် သောဗိမာန်တော်အတွင်းခန်းသည် အလျား ပေသုံးဆယ်ရှိ၍ယင်းကိုသစ်ကတိုးသား ပျဉ်များဖြင့်မျက်နှာကျက်အထိကာရံ ထား၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်16 အိမ်တော်အတွင်းပိုင်းအတောင်နှစ်ဆယ်ကို အခန်းဖွဲ့၍ ကြမ်းခင်းမှမျက်နှာကြက်အထိ သစ်ကတိုးပြားများဖြင့် ကာထား၏။ ဤအခန်းသည် အိမ်တော်အတွင်းပိုင်းတွင် ဆောက်လုပ်ထားပြီး သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနအဖို့ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 အလွန်သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော်အဖို့ အလျားအနံ အတောင်နှစ်ဆယ်စီကျယ်သော အိမ်တော်တစ်ပိုင်းကိုအခန်းကာ၍ ကြမ်းနှင့် ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ၏။ အခန်းကိုကြည့်ပါ။ |
``သင်၏အစ်ကိုအာရုန်သည် ကန့်လန့်ကာ အတွင်းရှိအလွန်သန့်ရှင်းရာဌာနတော် ထဲသို့ သတ်မှတ်သည့်အချိန်၌သာဝင်ရမည် ဖြစ်ကြောင်းပြောကြားလော့။ အဘယ်ကြောင့် ဆိုသော် ငါသည်အလွန်သန့်ရှင်းရာဌာန တော်ရှိ ပဋိညာဉ်သေတ္တာအဖုံးအထက်မိုး တိမ်၌ထင်ရှားတော်မူမည်ဖြစ်သည်။ သူ သည်ဤပညတ်ကိုမနာခံလျှင်သေရ လိမ့်မည်။-