၃ ဓမ္မရာဇဝင် 4:34 - Myanmar Common Language Zawgyi Version34 ကမ္ဘာတစ်ဝန်းလုံးရှိမင်းတို့သည်ရှောလမုန်၏ ပညာသတင်းကိုကြားသိကြသောအခါ စေတမန်များကိုလွှတ်၍သူ၏သြဝါဒ များကိုကြားနာစေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်34 ကမ္ဘာအရပ်ရပ်ရှိ တိုင်းနိုင်ငံအသီးသီးမှရှင်ဘုရင်တို့ပင်လျှင် သူ၏ဉာဏ်ပညာကြီးသောသတင်းကို ကြားသိရသဖြင့် ထိုတိုင်းနိုင်ငံတို့မှ လူတို့သည် ရှောလမုန်မင်းကြီး၏ဉာဏ်ပညာနှင့်မြွက်ဆိုသောစကားကို သွားရောက်နားဆင်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version34 ရှောလမုန်မင်း၏ ပညာသတင်းကိုကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတို့သည် ပညာစကားတော်ကို နားထောင်ခြင်းငှာ လာကြ၏။ အခန်းကိုကြည့်ပါ။ |
ရှေဘပြည်ဘုရင်မသည်ရှောလမုန်၏ဂုဏ် သတင်းကိုကြားသိရသဖြင့် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။ ဘုရင်မ သည်များစွာသောအခြွေအရံလိုက်ပါ လျက်နံ့သာမျိုးများ၊ ကျောက်မျက်ရတနာ များ၊ ရွှေအမြောက်အမြားတင်ဆောင်သည့် ကုလားအုတ်များနှင့်ရောက်ရှိလာလေသည်။ သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်ရှိ လာသောအခါမိမိစဉ်းစားရသမျှသော ပုစ္ဆာတို့ကိုမေးတော်မူ၏။-