Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၃ ဓမ္မ​ရာဇဝင် 21:6 - Myanmar Common Language Zawgyi Version

6 မင်း​ကြီး​က``ငါ​သည်​နာ​ဗုတ်​အား​သူ​၏​ဥ​ယျာဉ် ကို​ရောင်း​ချ​ရန် အ​ကယ်​၍​သူ​အ​လို​ရှိ​ပါ​လျှင် အ​ခြား​ဥ​ယျာဉ်​နှင့်​လဲ​လှယ်​ရန်​ပြော​ဆို​သော် လည်း၊ နာ​ဗုတ်​က`ဤ​ဥ​ယျာဉ်​ကို​အ​ရှင့်​အား​မ ဆက်​သ​နိုင်​ပါ' ဟု​ဆို​ချေ​သည်။ ထို့​ကြောင့်​ငါ သည်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​နေ​သည်'' ဟု​မိန့် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 မင်းကြီး​က “​ငါ​သည် ယေဇရေလ​မြို့သား​နာဗုတ်​အား ‘​သင့်​စပျစ်ခြံ​ကို ငါ့​အား ငွေ​နှင့်​ရောင်း​ပါ​။ သို့မဟုတ် သင်​အလိုရှိ​လျှင် ထို​ခြံ​အစား စပျစ်ခြံ​တစ်​ခု​ကို​ပေး​ပါ​မည်​’​ဟု ဆို​သည်​ကို သူ​က ‘​အကျွန်ုပ်​စပျစ်ခြံ​ကို အရှင်မင်းကြီး​အား မ​ပေး​နိုင်​ပါ​’​ဟု ဆို​ပြီ​”​ဟု ပြန်ဖြေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 မင်း​ကြီး​က၊ ယေ​ဇ​ရေ​လ​မြို့​သား​နာ​ဗုတ်​ကို ငါ​ခေါ်၍ သင့်​စ​ပျစ်​ဥ​ယျာဉ်​ကို ရောင်း​ပါ။ သို့​မ​ဟုတ် သင်​အ​လို​ရှိ​လျှင် အ​ခြား​သော​ဥ​ယျာဉ်​ကို ငါ​ပေး​မည်​ဟု​ဆို​သော်၊ ထို​ဥ​ယျာဉ်​ကို ကိုယ်​တော်​အား​မ​ပေး​ရ​ဟု ပြန်​ပြော​သော​ကြောင့် စိတ်​ညှိုး​ငယ်​သည်​ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ဓမ္မ​ရာဇဝင် 21:6
9 ပူးပေါင်းရင်းမြစ်များ  

ယေ​ဇ​ရေ​လ​မြို့​ရှိ​အာ​ဟပ်​မင်း​၏​နန်း​တော် အ​နီး​တွင် နာ​ဗုတ်​ဆို​သူ​ပိုင်​သည့်​စ​ပျစ် ဥ​ယျာဉ်​ရှိ​သည်​ဖြစ်​၍၊-


သူ​၏​မိ​ဖု​ရား​ယေ​ဇ​ဗေ​လ​သည်​သူ့​ထံ​သို့ လာ​၍ ``အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက်​နေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ပွဲ​တော်​မ​တည်​ဘဲ​နေ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​လေ​သည်။


ယေ​ဇ​ဗေ​လ​က``အ​ရှင်​သည်​ဣ​သ​ရေ​လ​ဘု​ရင် ဖြစ်​သည်​မ​ဟုတ်​ပါ​လော။ အိပ်​ယာ​မှ​ထ​တော်​မူ ၍​ရွှင်​လန်း​စွာ​စား​တော်​ခေါ်​တော်​မူ​ပါ။ နာ​ဗုတ် ၏​ဥ​ယျာဉ်​ကို​အ​ရှင်​၏​လက်​တော်​သို့​ကျွန်​မ အပ်​ပါ​မည်'' ဟု​လျှောက်​၏။


ထို​နောက်​မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​ဝ သို့​ပြန်​ရောက်​လေ​၏။ ဟာ​မန်​မူ​ကား​ညည်း တွား​၍ ဦး​ခေါင်း​ခြုံ​လျက်​အိမ်​သို့​ပြန်​ပြီး လျှင်၊-


ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေ သောအကြောင်း၊ ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ