Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၃ ဓမ္မ​ရာဇဝင် 20:14 - Myanmar Common Language Zawgyi Version

14 အာ​ဟပ်​က``အ​ဘယ်​သူ​ခေါင်း​ဆောင်​၍​တိုက်​ခိုက် ပါ​မည်​နည်း'' ဟု​မေး​၏။ ပ​ရော​ဖက်​က``နယ်​မြေ​ဘု​ရင်​ခံ​များ​၏​လက် အောက်​ရှိ​စစ်​လု​လင်​တို့​ကို​ခေါင်း​ဆောင်​စေ ရန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို ပြန်​၏။ မင်း​ကြီး​က``တပ်​မ​တော်​ကြီး​ကို​အ​ဘယ်​သူ ကွပ်​ကဲ​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှင်၊- ``ဘု​ရင်​မင်း​ကိုယ်​တိုင်​ဖြစ်​ပါ​သည်'' ဟု ပ​ရော​ဖက်​က​ပြန်​ပြော​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ထိုအခါ အာဟပ်​မင်းကြီး​က “​မည်သူ့​အားဖြင့်​နည်း​”​ဟု မေး​လျှင် ပရောဖက်​က​လည်း “​ထာဝရဘုရား​က ‘​နယ်မြေခံ​စစ်သူကြီး​တို့​၏​တပ်သား​များ​အားဖြင့် ဖြစ်​မည်​’​ဟု မိန့်​တော်မူ​ပါ​၏​”​ဟု ဆို​လျှင် အာဟပ်​မင်းကြီး​က “​မည်သူ​က စတင်​တိုက်ပွဲဝင်​ရ​မည်နည်း​”​ဟု မေး​လျှင် ပရောဖက်​က “​အရှင်မင်းကြီး ဖြစ်​၏​”​ဟု ပြန်ဖြေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 အာ​ဟပ်​က​လည်း၊ အ​ဘယ်​သူ​အား​ဖြင့် အပ်​တော်​မူ​မည်​နည်း​ဟု မေး​လျှင်၊ မြို့​ဝန်​များ၏​လု​လင်​တို့​အား​ဖြင့် အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ စစ်​မှု​ကို အ​ဘယ်​သူ​စီ​ရင်​ရ​မည်​နည်း​ဟု မေး​ပြန်​သော်၊ မင်း​ကြီး​ကိုယ်​တိုင် စီ​ရင်​ရ​မည်​ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ဓမ္မ​ရာဇဝင် 20:14
8 ပူးပေါင်းရင်းမြစ်များ  

သတ္တ​မ​အ​ကြိမ်​၌​အ​စေ​ခံ​သည်​ယင်း​သို့​သွား ၍​ကြည့်​ရာ​မှ​ပြန်​လာ​ကာ``လူ​၏​လက်​သ​ဖွယ် သေး​ငယ်​သော​မိုး​တိမ်​ကို​ကျွန်​တော်​မြင်​ပါ​သည်'' ဟု​လျှောက်​၏။ ဧ​လိ​ယ​က​မိ​မိ​၏​အ​စေ​ခံ​အား``သင်​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်​မိုး​မ​ဆီး တား​မီ​ရ​ထား​ပေါ်​သို့​တက်​၍ နန်း​တော်​သို့ ပြန်​တော်​မူ​ရန်​လျှောက်​ထား​လော့'' ဟု​အ​မိန့် ပေး​၏။


ဤ​အ​တော​အ​တွင်း​၌​ပ​ရော​ဖက်​တစ်​ပါး​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​၍``ထာ​ဝ​ရ​ဘု​ရား က​သင့်​အား`ထို​ကြီး​မား​သည့်​စစ်​သည်​အ​လုံး အ​ရင်း​ကို​မြင်​၍​မ​ကြောက်​နှင့်။ ယ​နေ့​သင့် အား​ထို​တပ်​မ​တော်​ကြီး​ကို​ဖြို​ခွင်း​ခွင့်​ငါ ပေး​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။


သို့​ဖြစ်​၍​မင်း​ကြီး​သည် နယ်​မြေ​တပ်​မှူး​များ ၏​လက်​အောက်​ရှိ​စစ်​လု​လင်​စု​စု​ပေါင်း​နှစ်​ရာ့ သုံး​ဆယ့်​နှစ်​ယောက်​တို့​ကို​ခေါ်​ပြီး​နောက် တပ် သား​ခု​နစ်​ထောင်​ရှိ​သော​ဣသ​ရေ​လ​တပ်​မ တော်​ကို​စု​ရုံး​စေ​တော်​မူ​၏။


အာ​ဟပ်​သည်​စ​တင်​၍​တိုက်​ခိုက်​လေ​သည်။ နယ် မြေ​တပ်​မှူး​တို့​၏​စစ်​လု​လင်​များ​က​ရှေ့​ဆုံး​မှ ချီ​တက်​ကြ​၏။ ဗင်္ဟာ​ဒဒ်​စေ​လွှတ်​ထား​သည့် အ​ထောက်​တော်​တို့​သည်​လည်း ရှ​မာ​ရိ​မြို့​မှ စစ်​သူ​ရဲ​တစ်​စု​ထွက်​ခွာ​လာ​နေ​ကြောင်း​ကို မင်း​ကြီး​အား​လျှောက်​ထား​ကြ​၏။-


ဤ​ကဲ့​သို့​ဒါ​ဝိဒ်​သည်​ဓား​မ​ပါ​ဘဲ လောက်​လွှဲ​နှင့် ကျောက်​ခဲ​တစ်​လုံး​ဖြင့်​ဂေါ​လျတ်​အား​သေ လောက်​သည့်​ဒဏ်​ရာ​ရ​စေ​လျက်​နှိမ်​နင်း​လိုက် သ​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ