၃ ဓမ္မရာဇဝင် 18:5 - Myanmar Common Language Zawgyi Version5 အာဟပ်သည်သြဗဒိအား``မြင်းနှင့်လားများ မသေစေခြင်းငှာ မြက်တောတွေ့ကောင်းတွေ့နိုင် ရန်တစ်ပြည်လုံးရှိစမ်းရေတွင်းနှင့်ချောင်းများ ရှိရာအရပ်ရပ်သို့ ငါတို့သွား၍ကြည့်ရှုကြ ကုန်အံ့။'' ဟုဆို၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 အာဟပ်မင်းကြီးက ဩဗဒိအား “မြင်းနှင့်လားတို့အသက်ရှင်နိုင်ရန် မြက်ပင်ရလိုရငြား တိုင်းပြည်အနှံ့ရှိ စမ်းချောင်းပေါက်ရာနေရာ၊ မြစ်ချောင်းစီးရာနေရာရှိသမျှသို့ သွားကြည့်လော့။ သို့မဟုတ်လျှင် တိရစ္ဆာန်အချို့ကို ငါတို့သတ်ပစ်ရလိမ့်မည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 အာဟပ်ကလည်း၊ တစ်ပြည်လုံးသို့လှည့်လည်၍ စမ်းရေတွင်းများ၊ ချောင်းများရှိရာအရပ်ရပ်သို့ သွားလော့။ တိရစ္ဆာန်အပေါင်းတို့သည် မသေ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည်အကြောင်း၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိအားဆိုလျက်၊ အခန်းကိုကြည့်ပါ။ |
ချမ်းသာကြွယ်ဝသူများသည်မိမိတို့ အစေခံများကိုလွှတ်၍ ရေအခပ်ခိုင်းသည့်အတိုင်းအစေခံတို့သည် ရေကန်များသို့သွားရောက်ကြသော်လည်း ရေကိုမတွေ့ရကြ။ သူတို့သည်အိုးဟောင်းလောင်းနှင့်ပြန်လာရ ကြ၏။ သူတို့သည်စိတ်ပျက်အားလျော့ကာဝေခွဲမရ ဖြစ်လျက် ဦးခေါင်းခြုံ၍နေကြ၏။