၃ ဓမ္မရာဇဝင် 18:34 - Myanmar Common Language Zawgyi Version34 ဧလိယက``တစ်ဖန်လောင်းဦးလော့'' ဟုဆို၏။ လူတို့သည်နောက်တစ်ကြိမ်လောင်းပြီးသောအခါ ဧလိယက``ထပ်မံ၍လောင်းဦးလော့'' ဟုဆို ပြန်၏။ လူတို့သည်လည်းထပ်မံ၍လောင်းကြ သဖြင့်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်34 ထို့နောက် “အိုးလေးလုံးကို ရေဖြည့်ပြီး မီးရှို့ရာယဇ်ကောင်နှင့် ထင်းများပေါ် လောင်းချပါ”ဟု ဆို၏။ “ဒုတိယအကြိမ် လောင်းပါ”ဟု ဆိုသဖြင့် လူတို့သည် ဒုတိယအကြိမ်ထပ်လောင်းကြ၏။ “တတိယအကြိမ် လောင်းပါ”ဟု ဆိုပြန်သဖြင့် လူတို့သည် တတိယအကြိမ်ထပ်လောင်းကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version34 အိုးလေးလုံးကို ရေနှင့်အပြည့်ထည့်၍၊ မီးရှို့စရာယဇ်နှင့် ထင်းပေါ်မှာလောင်းကြလော့ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ၊ တစ်ဖန် လောင်းကြဦးလော့ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ၊ သုံးကြိမ်တိုင်အောင် လောင်းကြလော့ဟု ဆိုသည်အတိုင်း၊ သူတို့သည် သုံးကြိမ်တိုင်အောင် လောင်းကြ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-